ကယ်တင်ခြင်းသတင်းကောင်း
29.6.2022(Wednesday)
မဿဲ ၂၈:၁၉-၂၀“သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ငါသည်သင်တို့အား ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြလော”
သခင်ယေရှုကို မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံသောသူအယောက်စီတိုင်းသည် ကောင်းကင်နိုင်ငံတွင် ဝင်စား၍ ထာဝရအသက်ကိုရရှိမည်ဖြစ်သည်။ ထို့အပြင်ယုံကြည်သူသားသမီးတိုင်း၏ တာဝန်သည်လည်း ထိုကယ်တင်ခြင်းသတင်းကောင်းကို ပြန်လည်ဝေငှဖို့ရန် တာဝန်ရှိပါသည်။
ယုံကြည်သူတိုင်းသည်ခရစ်တော်၏ကိုယ်စားလှယ်ဖြစ်ပါသည်။မယုံကြည်သူများကို ပြန်လည်ဝေငှဖို့ရန် တာဝန်အပ်နှင်းခြင်းခံရသူများဖြစ်သည်။ ခရစ်တော်စေခိုင်းခဲ့သော အမှုတော်မြတ်ကို ကနဦးယုံကြည်သူများနှင့် တမန်တော်များသည် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင် ဆရာကြီးယုဒဿန်ဇနီးမောင်နှံ တို့သည် ၁၈၂၃တွင် စတင်အမှုတော်ဆောင်ခဲ့ပါသည်။သာသနာမျိုးစေ့များကိုကြဲခဲ့ရုံသာမက၊ သမ္မာကျမ်းစာကို ဘာသာပြန်နိုင်ခဲ့ပါသည်။ ခေတ်အဆက်ဆက်သာသနာ့ခေါင်းဆောင်များ၏ ပေးဆပ်မှု၊ဆက်ကပ်မှုတို့ကြောင့် ကျွန်တော်တို့နိုင်ငံတွင် မြန်မာနိုင်ငံအသင်းတော်များကောင်စီ၊ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်များဖြစ်တည်လာခဲ့ပါသည်။ကြီးမြတ်သော မဟာစေခိုင်းမှုသည် အတွက် မိမိရှိသည့်နေရာတွင် အကောင်းဆုံးလုပ်ဆောင်ဖို့ရန်သာဖြစ်သည်။ ခရစ်တော်ကို မသိသေးသောသူများသည် ကျွန်တော်တို့၏နိုင်ငံတွင် မြောက်များစွာရှိသောကြောင့် ကယ်တင်ခြင်းသတင်းကောင်းကို ပြန်လည်ဝေမျှသောသူများဖြစ်ကြပါစို့ဟု တိုက်တွန်းပါရစေ။
ဖလားဆဲ