ဖခင်၏ဝတ္တရား
18.6.2022(Saturday)
ဧဖတ် ၆:၄“အဘတို့၊ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါမပြုကြနှင့်။သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက်၊ ကျွေးမွေးကြလော့”
မိသားစုတွင် ဖခင်၏တာဝန်ဝတ္တရားများသည် များလှပါသည်။ သားသမီးများ၏စားဝတ်နေရေးနှင့် သားသမီးများလိမ်မာရေခြားရှိစေဖို့ရန် လုပ်ဆောင်ပေးရပါသည်။
သမ္မာကျမ်းစာထဲ၌ ယဇ်ပရောဟိတ်ကြီးဧလိ၏သားများသည် အင်မတန်မှဆိုးသွမ်းသောသူများဖြစ်ခဲ့ပါသည်။ ဘုရားသခင်မနှစ်သက်အရာများကို ကြိမ်ဖန်များစွာ ပြုလုပ်ကြသောကြောင့်နောက်ဆုံးတွင် စီရင်ခြင်းကို ခံခဲ့ရပါသည်။ ဘုရားသခင်သည်ရှမွေလအားဖြင့် စီရင်မည့်အကြောင်းကို အိမ်မက်အားဖြင့်ဖော်ပြခဲ့ပါသည်။ အကြောင်းရင်းက ဧလိသည် သူ၏သားများကို လုံလောက်စွာ မသွန်သင်ပေးနိုင်ခဲ့သောကြောင့်ဖြစ်သည်။ နောက်ဆုံးတွင်သူကိုယ်တိုင် အသက်ဆုံးခဲ့ရသလို သူ၏သားများလည်း ဆုံးရှုံးခဲ့ရပါသည်။ ကမ္ဘာဦးအစအာဒံသည်လည်း ဖခင်ဝတ္တရားပျက်ကွက်ခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။ဧဝကို ကာကွယ် စောင့်ရှောက်ရန်ပျက်ခဲ့သောကြောင့် ဧဝသည် မြွေ၏လိမ်လည်လှည့်ဖျားခြင်းပါသွားခဲ့ပါသည်။ ထို့အပြင် သူလည်း ပါသွားခဲ့ရပါသည်။ ယနေ့တွင် တာဝန်မဲ့သောဖခင်များ၊လူမဆန်သောဖခင်များကြောင့် များစွာသော မိဘမဲ့၊ကလေးများဖြစ်လာခဲ့ရပါသည်။ထို့ ကြောင့် ဖခင်၏ဝတ္တရားကျေပွန်ရန်မှာ ဖခင်တိုင်း၏တာဝန်ဖြစ်သည်။ တာဝန်ဝတ္တရားကျေပွန်သော ဖခင်သာ ဘုရားသခင်အလိုတော်ရှိသောဖခင်ဖြစ်ပါသည်။
ဖလားဆဲ