ပို့ဆောင်တော်မူသောကျေးဇူး

Share

ပို့ဆောင်တော်မူသောကျေးဇူး
6.6.2022(Monday)

ဆာလံကျမ်း ၄၈:၁၄“အကြောင်းမူကား၊ထိုဘုရားသခင်သည် ကာလအစဉ်အမြဲ ငါတို့၏ ဘုရားသခင်ဖြစ်တော်မူ၏။ သေသည့်တိုင်အောင် ငါတို့ကိုပို့ဆောင်တော်မူလတံ့သတည်း”

တစ်နှစ်ပြီးတစ်နှစ် အချိန်ကာလများသည်တရွေ့ရွေ့ပြောင်းလဲလာသလို ကျွန်တော်တို့၏အသက်အရွယ်ကာလအပိုင်းအခြားများသည်လည်း ပြောင်းလဲလို့လာနေသည်ကိုတွေ့ရမည်ဖြစ်သည်။
ယခုအချိန်မှာတော့ ၂၀၂၁ကုန်လို့ ၂၀၂၂ရဲ့ဇွန်လထဲသို့ချဉ်းနှင်းဝင်ရောက်လို့ လာနေပါသည်။ ပို့ဆောင်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်များကို ပြန်လည်ရေတွက်ပါက ရေတွက်လို့ကုန်နိုင်မည်မဟုတ်ပေ။သမ္မာကျမ်းစာထဲ ရှင်ပေါလု၏ သာသနာပြုခရီးစဉ်များတွင် ဘုရားသခင်၏ပို့ဆောင်ခြင်းကြောင့် နေရာပေါင်းစုံတွင် ခရစ်တော်၏ကယ်တင်ခြင်းသတင်းကောင်းဝေငှနိုင်ခဲ့ပါသည်။ ထို့အပြင်စာပေများလည်းမြောက်များစွာ ရေးသားပြုစုနိုင်ခဲ့ပါသည်။ အချို့စာပေများကို ထောင်ထဲ၌ရေးသားခဲ့ပါသည်။အံဩဘွယ်ရာပင်ဖြစ်ပေသည်။ အခြေအနေအားလုံးအဆင်ပြေချိန်တွင် ရှင်‌ပေါလုသည်ကျမ်းစာစောင်များကို ရေးသားခဲ့ခြင်းမဟုတ်ပေ။ အခက်အခဲအတားအဆီးများကြားထဲမှာ စာပေများအားဖြင့် အသင်းတော်များ၊အယူလွှဲများကို သတိပေးစာ၊ဆောင်ရန်၊ရှောင်ရန်များကို ရေးသားပြုစုနိုင်ခဲ့ပါသည်။ ပို့ဆောင်တော်မူသောဘုရားသခင်၏ကျေးဇူးတောင်ပင်ဖြစ်ပါသည်။ စာရေးသူကိုယ်တိုင်သည်လည်း မကြာသေးမီက ဆောင်ပါးတိုလေးများရေးသားခြင်းတစ်နှစ်ပြည့်မြောက်ခဲ့ပါသည်။ လွယ်ကူသောအရာတော့မဟုတ်ခဲ့ပေ။ သို့သော် ဘုရားသခင်၏ကျေးဇူးတော်များကြောင့် တစ်နှစ်အထိ ရေးသားနိုင်ခဲ့ပါသည်။ ထိုနည်းတူစွာပင် စာရှုသူအယောက်စီတိုင်း၏အသက်တာတွင်လည်း မိမိခွန်အားဖြင့် မတတ်နိုင်သောအရာများကို ဘုရားသခင်ထံပုံအပ်ခြင်းဖြင့် ခရီးအဆုံးထိတိုင်ဘုရားသခင်ပို့ဆောင် ပေးပါလိမ့်မည်ဟု အားပေးလိုပါသည်။
ဖလားဆဲ