ဖန်ဆင်းခြင်းအစ(World Environment day)
5.6.2022(Sunday)
ကမ္ဘာ ဦးကျမ်း ၁:၁“အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။
ကမ္ဘာပေါ်၌ရှိရှိသမျှ အရာအားလုံး၏ဖန်ဆင်းခြင်းအစသည် ဘုရားသခင်ဖြစ်တော်မူပါသည်။လူသားမှစ၍ အလိုအလျောက်ဖြစ်တည်နေသော သဘာဝရေမြေတောတောင်၊မြစ်ချောင်းအင်းအိုင်များသာ် ဖန်ဆင်းရှင်၏လက်ရာသာဖြစ်ပေသည်။
တစ်ခါက အိုင်းစတိုင်းသည် သူ၏သူငယ်ချင်းအားအိမ်သို့အလည်ခေါ်ပါသည်။သူ၏ အိမ်၌ရှိသော အခန်းတစ်ခန်း၌စမ်းသပ်ကိရိယာများ၊ရုပ်ပုံကားချပ်များတပ်ဆင်ထားပါသည်။ ထို့ နောက် သူ၏သူငယ်ချင်းအား“အခု…မင်းမြင်နေရတဲ့အရာမှန်သမျှဟာ သူအလိုလိုဖြစ်နေတဲ့ အရာတွေဘဲ”ဟုပြောလိုပါသည်။မကြာမီပင် သူ၏သူငယ်ချင်းက“အဓိပ္ပာယ်မရှိတာကွာ…ဒါတွေက လုပ်ထားတဲ့သူမရှိရင် ဘယ်လိုလုပ်ဖြစ်လာမှာလဲ”ဟု မေးခွန်းထုတ်လိုက်ပါသည်။ ထိုအခါ သူက ပြုံးပြပြီး“အဲ့ဒီလိုဘဲသူငယ်ချင်း ကမ္ဘာပေါ်၌ရှိသော အရာတွေဟာ ဖန်ဆင်းရှင်ဘုရားသခင်ဖန်ဆင်းခြင်းကြောင့်ဖြစ်တယ်”ဟုပြောလိုကိပါသည်။ ယနေ့ကျွန်တော်တို့မှီတင်းနေထိုင်ကမ္ဘာကြီးထဲတွင် ဖန်ဆင်းရှင်၏ဖြစ်တည်မှုကို နေ၊လ၊ကြယ်အားဖြင့်၎င်း၊နေ့စဉ်ဆုတောင်းချက်အဖြေရမှုများလည်း သိရှိနိုင်ပါသည်။ ယနေ့ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆိုသည်အတိုင်း၊ဖန်ဆင်းခြင်း၏ဖြစ်တည်မှုများအား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပြီး၊ ဖန်ဆင်းရှင်ဘုရားသခင်၏ အလိုတော်အတိုင်းလျှောက်လှမ်းကြရအောင်ဟု ခွန်အားပေးလိုပါသည်။
ဖလားဆဲ