စိတ်အားထက်သန်မှု
2.6.2022(Thursday)
ဧဖတ် ၆:၄“အဘတို့၊ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါမပြုကြနှင့်။သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက်၊ ကျွေးမွေးကြလော့”
အလုပ်တစ်ခုအောင်မြင်ဖို့ရန် စိတ်အားထက်သန်မှုသည် လိုအပ်ပါသည်။ စိတ်အားထက်သန်မှုမရှိပါက အောင်မြင်ခြင်းနှင့်အလှမ်းဝေးနေမည်ဖြစ်သည်။
ငယ်ရွယ်စဉ်ကကျွန်တော်တို့သည် မတူညီသော ဝါသနာ၊စိတ်အားထက်သန်မှုများရှိထားကြပါသည်။အချို့က ပန်းချီ၊စာဖတ်၊ စာရေး၊ အဆိုတော်၊အင်ဂျင်နီယာ စသဖြင့် စိတ်အားထက်သန်မှုဝါသနာများရှိကြသည်။ စာရေးသူ သတင်းစာတစ်စောင်တွင် ဖတ်မိသော အကြောင်းအရာတစ်ခုကို ဖော်ပြလိုပါသည်။ တစ်ခါက ဆရာဝန်လင်မယားနှစ်ယောက်ရှိပါသည်။ သူတို့တွင် သမီးလေးတစ်ယောက်ရှိသတဲ့။ သူတို့၏သမီးလေးကို သူတို့လိုဘဲ ဆရာဝန်ဖြစ်စေချင်ခဲ့ပါသည်။သို့သော် သမီးလေးက ဒီဇိုင်နာဖြစ်ချင်ပါသည်။ ဆယ်တန်းအောင်မြင်၍ ဂုဏ်ထူးခြောက်လုံးပါလာပြီးနောက် သူမအားဆေးကျောင်းတတ်ရန်မိဘများက အတင်းအကြပ်တိုက်တွန်းကြပါသည်။ ဆေးကျောင်းဘွဲ့ယူပြီးနေ့တွင်“ဖေဖေမေမေတို့ရဲ့ ဆန္ဒအတိုင်း သမီးဆေးပညာဘွဲ့ကိုရအောင်ယူပေးခဲ့ပြီးပါပြီး။ သမီးတာဝန်ကျေပါတယ်နော။နုတ်ဆက်ခဲ့ပါတယ်”ဟု စာလေးရေးကာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပါသည်။ အင်မတန်မှ ဝမ်းနည်းဖို့ကောင်းလှပါ၏။မိမိ၏ စိတ်အားထက်သန်မှုနှင့် သက်ဆိုင်သောအလုပ်ကို ရွေးချယ်ခွင့်မရခဲ့သော မိန်းမငယ်လေး၏အဖြစ်ဖြစ်ပါ၏။ ထို့ကြောင့် မိဘများအနေဖြင့် မိမိ၏ဆန္ဒထက် သားသမီး၏စိတ်အားထက်သန်မှုနှင့် သက်ဆိုင်သောအရာများကို ရွေးချယ်ခွင့်ပေးခြင်းဖြင့် ပြုစုပျိုးထောင်ကြပါစို့။
ဖလားဆဲ