ချစ်ခြင်းမေတ္တာတရား
31.5.2022(Tuesday)
၁ကော ၁၃:၄“မေတ္တာသည် စိတ်ရှည်တတ်၏။ကျေးဇူးပြုတတ်၏။မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ဝါကြွားခြင်းမရှိ၊မာန်မာနမရှိ”
လူအချင်းချင်းပေါင်းသင်းဆက်ဆံသည့်အခါတွင် ချစ်ခြင်းမေတ္တာတရားသည်လိုအပ်ပါသည်။ အငယ်ဆုံးမှ အကြီးဆုံးအထိ ချစ်ခြင်းမေတ္တာကို လိုအပ်သောသူများဖြစ်သည်။
သိပ္ပံပညာရှင်များ၏စမ်းသပ်မှုအရ ကိုယ်ခန္စာချင်းထိတွေ့မှုက ကိုယ်ခန္စာအတွက် အကျိုးအများကြီးဖြစ်စေသည်ဟု ဆိုကြပါသည်။ မီယာမီတက္ကသိုလ်၊ဆေးပညာဌာနမှလည်း ရက်မစေ့ဘဲမွေးလာသောကလေးများသည် တစ်ရက်လျှင် လေးဆယ့်ငါးမိနစ်၊ဆယ်ရက်ဆက်တိုက်ပွေ့ဖက်ချီထားပေးပါက ပွေ့ဖက်ခြင်းမခံရသော ကလေးများထက် ပို၍ကျန်းမာသန်စွမ်းလာသည်ကို တွေ့ရှိရပါသည်။ကမ္ဘာကျော်ဟောလီဝုဒ်မင်းသမီး မေရီလင်မွန်ရိုး အကြောင်းကို အနည်းငယ်ဖော်ပြလိုပါ၏။ သူမသည် မိဘမဲ့ကလေးတစ်ယောက်ဖြစ်ခဲ့တာကြောင့် တစ်ရက်တွင် နယူးယောက်တိုင်းမဂ္ဂဇင်းမှ သတင်းထောက်က လာရောက်အင်တာဗျူးပါသည်။သူက“အမအနေနဲ့ မွေးစားမိဘတွေနဲ့အတူကြီးပြင်းခဲ့ရတာကြောင့် ချစ်ခြင်းမေတ္တာကို ဘယ်လိုခံစားခဲ့ရသလဲ”ဟု မေးလိုက်ပါသည်။ထိုအခါ မွန်ရိုးက“ကျွန်မမွေးစားမိဘအိမ်မှာနေတုန်းက သူတို့အိမ်မှာ အမျိုးသမီးတစ်ယောက်ရှိတယ်၊သူက ကျွန်မကို သိပ်ချစ်ပြီး၊ဂရုစိုက်တယ်၊တစ်ရက်တော့ ကျွန်မပါးကို တယုတယကိုင်ပြီး မိတ်ကပ်လိမ်းပေးခဲ့တာကို ဘယ်တော့မှမမေ့နိုင်ပါဘူး၊ အဲ့ဒီနေ့မှာဘဲ မေတ္တာတရားကို ကျွန်မခံစားရခဲ့တယ်”ဟု မျက်ရည်များဖြင့် ပြောပါသည်။ ထို့ကြောင့်ချစ်ခြင်းမေတ္တာတရား၏ သက်ရောက်မှုသည် လူတစ်ယောက်၏ဘဝကို ကြီးမားစွာပြောင်းလဲစေနိုင်သောကြောင့် ချစ်ခြင်းမေတ္တာအားဖြင့် ကျွန်ုပ်တို့၏ ကမ္ဘာမြေကြီး၊ ပတ်ဝန်းကျင် ကိုအလှဆင်ကြရအောင်။
ဖလားဆဲ