စိတ်နှိမ့်ချသောသူ

Share

စိတ်နှိမ့်ချသောသူ

29.5.2022(Sunday)

လုကာ၁၈:၁၄“အကြောင်းမူကား၊ကိုယ်ကိုကိုယ်ချီးမြှောက်သောသူမည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတ္တံ့။ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့ဟု မိန့်တော်မူ၏”

ကောင်းမွန်သောမင်္ဂလာတရားတော်ထဲတွင် စိတ်နှိမ့်ချခြင်းသည် တစ်ပါးအပါအဝင်ဖြစ်ပါ၏။ အများအားဖြင့် စိတ်နှိမ့်ချသောသူတို့သည် ထင်ပေါ်ကျော်ကြားခြင်းထက် နောက်ကွယ်မှပေးဆပ်သောသူများဖြစ်ပါ၏။

အမှန်တကယ်တမ်းတော့လည်း စိတ်နှိမ့်ချခြင်းသည် လိုက်လျှောက်ရမည့်အခက်ဆုံးအရာတစ်ခုဖြစ်ပါ၏။ နှုတ်ကပတ်တော်သမ္မာကျမ်းစာထဲတွင် သူတစ်ပါးသည် ကိုယ့်ထက်သာသည်ဟုထင်မှတ်ရမည်ဟုဖော်ပြထားပါသည်။ နှိမ့်ချခြင်းသည် သူတစ်ပါးအားအထက်စီးဆန်ဆန်ပြုမူဆက်ဆံခြင်းမဟုတ်ဘဲ စာနာမှု၊နားလည်မှု၊ကိုယ်ချင်းစာမှု၊ဦးစားပေးမှုတို့ဖြစ်ပါသည်။ လောက၌ ကျွန်တော်တို့ရရှိ‌ထားသော စည်းစိမ်၊ပိုင်ဆိုင်မှု၊လုပ်ငန်း၊ ရာထူးများသည် ဘုရားပေးထားသည်ကို မသိသ၍မာနထောင်လွှားနေမည်ဖြစ်သည်။ စာရေးသူအနေဖြင့်လည်း အရမ်းနှိမ့်ချနိုင်သောသူမဟုတ်ဟု ဝန်ခံလိုပါ၏။ အစဉ်အမြဲ စိတ်နှိမ့်ချသောသူဖြစ်ရန်ဘုရားသခင်ထံ ခွန်အားတောင်းခံရပါသည်။ စာရေးသူသည် အင်မတန်မှနှိမ့်ချသောသူများကို မြင်တွေ့သည့်အခါတွင် များစွာအတုယူလေးစားမိပါသည်။ စိတ်နှိမ့်‌ချသောသူသည် ဘယ်သောအခါမှ နိမ့်ကျမသွားပေ။ ဘုရားသခင်သည် အစဉ်အမြဲ အမြီးမဖြစ်စေဘဲ ခေါင်းဖြစ်စေမည်ဖြစ်သည်။ထို့‌ကြောင့်စိတ်နှိမ့်ချသောသူများအဖြစ် ဘုရားဘုန်းတော်ထင်ရှားစေဖို့ရန် လျှောက်လှမ်းကြရအောင်ဟု အားပေးလိုပါသည်။

ဖလားဆဲ