ဘုရားသခင်ကို ချစ်သောသူ

Share

ဘုရားသခင်ကို ချစ်သောသူ

17.5.2022(Tuesday)

မဿဲ ၂၂:၃၇“သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ဉာဏ်ရှိသမျှနှင့်ချစ်လော့”

လူသားအချင်းချင်းအကြားရေရှည်ခိုင်မြဲသော ပေါင်းသင်းဆက်ဆံမှုကိုတည်ဆောက်သည့်အခါတွင် ချစ်ခြင်းမေတ္တာသည် အဓိကနေရာတွင်ပါဝင်ပါသည်။ ချစ်သူအချင်းချင်းချစ်ခြင်း၊ မိဘ၏ချစ်ခြင်း၊ ဆွေမျိုးအချင်းချင်းချစ်ခြင်းစသဖြင့်အမျိုးမျိုးရှိပါသည်။

မဿဲ ၂၂:၃၇တွင်ဖော်ပြထားသည်မှာ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ဖို့ရန်ဖြစ်ပါသည်။ လူသားအချင်းချင်းချစ်ခြင်းရှိဖို့လိုသလို ဘုရားသခင်ကို ချစ်သောသူများဖြစ်ရန်လိုပါသည်။ ရှေးယခင် ကနဦးယုံကြည်သူများ၊ မာတုရများ၊ သာသနာပြုများသည် အင်မတန်မှ ဘုရားသခင်ကို ချစ်သောသူများဖြစ်ပါသည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုနားလည်ပြီး အကောင်းဆုံးလုပ်ဆောင်မှု၊ပေးဆပ်မှုတို့အားဖြင့် ဘုရားသခင်အားချစ်ကြောင်းပြန်လည်ဖော်ပြကြပါသည်။ထို့ကြောင့်လည်ဘုရားသခင်၏ချီးမြောက်ခြင်း၊မှတ်တမ်းတင်ခြင်းများကို ရရှိခဲ့ကြပါသည်။မြန်မာနိုင်ငံတွင် ပထမဆုံးသာသနာပြုဖြစ်သော ဆရာယုဒဿန်သည် အင်မတန်မှ အနွံတာခံပေးဆပ်ခဲ့သောသူဖြစ်ခဲ့ပါသည်။ အစပထမတွင် ဘာသာမဲ့ဖြစ်ခဲ့ပါ၏။ သို့သော်အသက်တာပြောင်းလဲပြီးနောက် ခရစ်တော်၏သာသနာတော်မြတ်ကို သက်ဆုံးတိုင်အကောင်းဆုံးလိုက်လျှောက်ခဲ့ပါသည်။ သူ၏လုပ်ဆောင်မှုများ၊ပေးဆပ်မှုများသည် သူသေဆုံးပြီးနောက် အသီးအပွင့်များဝေဆာပွင့်လန်းလာခဲ့ပါသည်။အင်မတန်မှ ဘုရားသခင်ကိုချစ်သောသူဖြစ်သောကြောင့် ဘုရားသခင်၏ကြီးမားစွာ အသုံးပြုခြင်းကိုခံခဲ့ရပါသည်။ထို့ကြောင့် သာ၍ ဘုရားသခင်ကို ချစ်သောသူများဖြစ်ကြစို့။

                                                     ဖလားဆဲ