ကိုယ်ကျင့်တရား

Share

ကိုယ်ကျင့်တရား

11.5.2022(Wednesday)

၁တိ ၄:၁၂“စကားပြောခြင်း၊ကျင့်ကြံပြုမူခြင်း၊သူတစ်ပါးကိုချစ်ခြင်း၊ဝိညာဉ်သဘောရှိခြင်း၊သစွာစောင့်ခြင်း၊စင်ကြယ်ခြင်းအရာမှာ ယုံကြည်သောသူတို့အား ပုံသက်သေကိုပြလော့”

စစ်မှန်သော ခရစ်ယာန်အသက်တာလျှောက်လှမ်းသည့်အခါတွင် စောင့်ထိန်းရမည့်ကျင့်ဝတ်များရှိပါသည်။ အထူးသဖြင့် ကိုယ်ကျင့်တရားသည် အရေးကြီးဆုံးဂဏ္ဍတွင်ပါဝင်ပါသည်။

နေ့ရက်ကာလအလီလီပြောင်းလဲလာခဲ့သလို ခေတ်ရေစီးကြောင်း၏ တိုးတတ်မှုအောက်တွင် အကျင့်သိက္ခာယိုယွင်းပျက်စီးသော အဖြစ်အပျက်များကို ကြားရမည်ဖြစ်သည်။ ယုံကြည်သူတိုင်းသည် ခရစ်တော်အားဖြင့် အစားထိုးခံရသောအသက်တာဖြစ်ပါသည်။ ထို့‌‌ ကြောင့် အသက်ရှင်မှုတွင် ပုံသက်သေကောင်းဖြစ်ရန်လိုပါသည်။စာရေးသူတို့ ကျမ်းစာကျောင်းနောက်ဆုံးနှစ်တွင် ကျောင်းပေါင်းစုံမိတ်သဟာရဆုံတွေ့ပွဲကို ကျင်းပပါသည်။ ထိုပွဲတွင် ဆရာကြီးဒေါက်တာရန်ခိုပေါင်၏ အမှာစကားငါးခုထဲမှာ တစ်ခုကိုဖော်ပြလိုပါသည်။ ထိုအရာကတော့“ကိုယ်ကျင့်တရားကို စောင့်ထိန်းပါ”ဟူ၍ဖြစ်ပါသည်။ဆရာကြီးက“လူတစ်‌ယောက် စည်းစိမ်ဆုံးရှုံးလျှင် ဘာမျှမဆုံးသေးပါ။ ကျန်းမာရေးဆုံးရှုံးလျှင် တချို့တစ်ဝက်ဆုံးရှုံးမည်။ ကိုယ်ကျင့်တရားယိုယွင်းပါက ဘဝတစ်ခုလုံးအများသူငါ၏ လက်ညိုးထိုးစရာဖြစ်ပေမည်”ဟု ပြောခဲ့ပါသည်။ အင်မတန်မှ တန်ဖိုးရှိသောစကားဖြစ်ပါ၏။ ထို့ကြောင့် ယုံကြည်သူတိုင်း ကိုယ်ကျင့်တရားကို စောင့်ထိန်းခြင်းဖြင် အလိုတော်နှင့်အညီ အသက်ရှင်လျှောက်လှမ်းကြပါစို့ဟု နှိုးဆော်ပါရစေ။

ဖလားဆဲ