တန်ဖိုးရှိသောလူငယ်
10.5.2022(Tuesday)
၁တိ၄:၂“သင်၏အသက်အရွယ်နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင်မပြူစေနှင့်”
လူငယ်အရွယ်သည်အဖျက်လတ်အသန်စွမ်းဆုံးအချိန်ဖြစ်ပါ၏။ ခေတ်အဆက်ဆက်ခေါင်းဆောင်များသည်တမဟုတ်ချင်း ခေါင်းဆောင်မဖြစ်လာခဲ့ပါ။လူငယ်ဘဝတွင် မဆုတ်မနှစ်ကြိုးစားအားထုတ်မှုများကြောင့် ခေါင်းဆောင်များဖြစ်လာခဲ့ပါသည်။
လူငယ်ဘဝတွင် မိမိကိုယ်ကို တန်ဖိုးထားခြင်းနှင့်အတူ လမ်းကြောင်းမှန်၌ရှိဖို့လိုပါသည်။ ယနေ့တွင်မြင်တွေ့နေရသော အနောက်တိုင်းယဉ်ကျေးမှု လက်မထပ်ဘဲအတူနေခြင်း(Living together)သည် ခေတ်စားလာသည်ကိုတွေ့ရမည်ဖြစ်သည်။ မိမိ၏နုပျိုမှု၏တန်ဖိုးကို မတည်မြဲသော ယုံကြည်မှု၊ဂတိစကားတို့အပေါ် ယုံစားမိသောအခါ ဘဝလည်းပျက်ခဲ့ကြရပါသည်။ မိမိကိုယ်ကိုတန်ဖိုးထားသော လူငယ်ဖြစ်မှသာ တန်ဖိုးရှိသောသူဖြစ်လာမည်ဖြစ်သည်။ တန်ဖိုးရှိသောလူငယ်ဖြစ်ရန် ဆရာကြီးNevin C.Harner၏ဖော်ပြချက်အရ..
(၁)ဘုရားသခင်ကိုရှာဖွေသိရှိရန်လိုခြင်း
(၂)မိမိကိုယ့်ကို ရှာဖွေသိရှိရန်လိုခြင်း
(၃)အသက်တာလုပ်ငန်းသိရှိရန်လိုခြင်း
(၄)အိမ်ထောင်ဘက် ရွေးချယ်တတ်ရန်လိုခြင်း
(၅)အပေါင်းအသင်းရွေးချယ်တတ်ခြင်း
(၆)အသင်းတော်ကို ရှာဖွေရန်လိုခြင်းတို့ လိုအပ်ပါသည်။
တန်ဖိုးရှိသောလူငယ်ဖြစ်မှသာ အနာဂတ်၏ခေါင်းဆောင်များဖြစ်လာမည်ဖြစ်သည်။
ဖလားဆဲ