ငရဲသို့ဖြတ်လမ်း
7.5.2022(Saturday)
၁တိ၆:၁၀“လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍၊ပူပန်ခြင်းဝေဒနာများနှင့်ကိုယ်ကိုကိုယ် ထုတ်ချင်းခတ်အောင်ထိုးကြပြီး”
ခရီးတစ်ခုသွားသည့်အခါတွင် ကွေ့ဝိုက်ပြီးသွားရသောလမ်းရှိသလို၊ဖြတ်လမ်းဖြင့် သွားရသောလမ်းလည်းရှိပါ၏။ စာရေးသူအနေဖြင့် ငရဲသို့ဖြတ်လမ်းဟူသောအကြောင်းအရာလေးအားဖြင့် ခွန်အားပေးလိုပါသည်။
ယနေ့ကျွန်တော်တို့ရှင်သန်ကြရသော ကမ္ဘာကြီးထဲတွင် လောင်းကစားများ၊ကာစီနိုများ၊မူးယဇ်ဆေးဝါးရောင်းဝယ်မှုများ များပြားလို့လာနေသည်ကိုတွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ငွေကြေးများရရှိဖို့ရန် ဖြတ်လမ်းမှ ရှာဖွေခြင်းမျိုးဖြစ်ပါ၏။ လောင်းကစားဖြင့်ချမ်းသာသူထက် ဘဝပျက်သည်က ပိုများပါသည်။ ဖြတ်လမ်းဟုဆိုသော်ငြားလည်းငရဲသို့ တိုက်ရိုက်သွားသောလမ်းဖြစ်ပါသည်။ သမ္မာကျမ်းစာထဲတွင်ပရောဖတ်ကြီးဧလိရှဲ၏တပည့် ဂေဟာဇိသည်လည်း ငွေကိုတပ်မက်ခြင်းကြောင့် ချက်ချင်းနူသွားခဲ့ရပါသည်။ ဖြတ်လမ်းဖြင့် ငွေနောက်လိုက်သောကြောင့် ဖြတ်လမ်းဖြင့် ချက်ခြင်းနူသွားခဲ့ရပါသည်။ ယုဒရှကာရုတ်သည်လည်း ငွေနောက်လိုက်သောကြောင့် အဆုံးသတ်မလှမပဖြစ်ခဲ့ရပါသည်။ ဘုရားပေးသောကောင်းကြီးကို ဖြတ်လမ်းဖြင့်လိုက်လို့မရနိုင်ပါ။ မှန်ကန်သောနည်းလမ်း၊သမ္မာတရားအတိုင်းလျှောက်လှမ်းပါက ဧကန်မုချဘုရားကောင်းကြီးခံစားရမည်ဖြစ်သည်။ ထို့ကြောင့် ငွေကိုတပ်မက်ခြင်းတည်းဟူသော ငရဲသို့ဖြတ်လမ်းလိုက်ခြင်းကို ရှောင်ကြဉ်ကြပါစို့ဟု နှိုးဆော်ပါရစေ။
ဖလားဆဲ