ကောင်းသောအမွေ
6.5.2022(Friday)
ရှင်ယာကုပ် ၁:၂၂“ကိုယ်ကိုကိုယ်လှည့်ဖျား၍ နှုတ်ကပတ်တော်ကို နာရုံမျှသာ ပြုသောသူမဟုတ်၊တရားကို ကျင့်သောသူဖြစ်ကြလော့”
အမွေဟူ သောစကားလုံးလေးသည် ကျွန်တော်တို့နှင့်ရင်းနှီးသောစကားလုံးဖြစ်ပါ၏။ အချို့က ကောင်းသောအမွေများချန်ထားခဲ့သလို အချို့က ဆိုးသောအမွေများချန်ထားခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
ပစွည်းဥစွာကြွယ်ဝသူများက မသေဆုံးမီတွင် သားသမီးများအတွက် အမွေများကိုခွဲဝေပေးခဲ့ကြပါသည်။ လွန်ခဲ့တဲ့အပတ်က အင်မတန်မှကျော်ကြား၍ ကြွယ်ဝချမ်းသာသော ဘောလုံးအေဂျင့်သန်းကြွယ်သူဌေးရိုင်အိုလာသည် အဖျားရောဂါဖြင့်သေဆုံးသွားခဲ့ပါသည်။ သူ၏ကျော်ကြားမှုနှင့်အတူ ပိုင်ဆိုင်မှုများအကုန်ထားခဲ့ရပါသည်။ ပိုင်ဆိုင်မှုစည်းစိမ်များသည် ရေရှည်ရပ်တည်နိုင်သော အမွေများမဟုတ်ပေ။ အချိန်၏တိုက်စားမှုအောက်တွင် ပျောက်ကွယ်သွားတတ်ပါသည်။ကနေဒါနိုင်ငံသား ဒေါက်တာနော်မန်ဘတ်သွန်းအကြောင်းကိုဖော်ပြလိုပါသည်။ သူသည်တရုတ်နိုင်ငံသားမဟုတ်သော်ငြားလည်း ဂျပန်-တရုတ်စစ်ဆင်ရေးတွင် တရုတ်နိုင်ငံအတွက်ရပ်တည်ပေးရင်း စစ်မြေပြင်တွင် အသက်ကိုပေးခဲ့ရပါသည်။တရုတ်နိုင်ငံ၏ကျောင်းသုံးစာအုပ်တွင် ဒေါက်တာနော်မန်ဘတ်သွန်းကိုသူရဲကောင်းအဖြစ် ဂုဏ်ပြုပေးခဲ့ပါသည်။ သမ္မာကျမ်းစာထဲတွင်လည်း ရှင်ပေါလုသည် နောက်မျိုးဆက်အတွက် ကောင်းသောအမွေများထားခဲ့ဖို့ရန်တိမောသေကို လမ်းညွှန်ပေးခဲ့ပါသည်။ သူကိုယ်တိုင်လည်း ယုံကြည်သူအယောက်စီတိုင်းအတွက် အဖိုးမဖြတ်နိုင်သော ကျမ်းစာစောင်များစွာကို ချန်ထားပေးနိုင်ခဲ့ပါသည်။ ထိုအတူပဲ ကျွန်တော်တို့သည်လည်း စစ်မှန်၍ ရေရှည်တည်မြဲသော ကောင်းသောအမွေများကို မျိုးဆက်သစ်များအတွက် ချန်ထားကြရအောင်။
ဖလားဆဲ