ခရီးအဆုံးထိတိုင်

Share

ခရီးအဆုံးထိတိုင်
5.5.2022(Thursday)

၂တိ ၄:၇“ကောင်းစွာသောတိုက်လှန်ခြင်းကိုငါပြုပြီး။ပြေးရသောလမ်းကိုအဆုံးတိုင်အောင်ပြေးပြီ”

ခရီးတစ်ခုအစပြုသည့်အခါတွင်လိုအပ်သော အသုံးအဆောင်ပစွည်းများထည့်ကာ ခရီးပြုကြရပါသည်။ ခက်ခဲမှု၊ကြမ်းတမ်းမှုများရှိလင့်ကစား အဆုံးထိတိုင်သွားဖို့က ခရီးပြုသူ၏တာဝန်ဖြစ်ပါသည်။

ကမ္ဘာပေါ်တွင် အမြင့်ဆုံးတောင်သည် ဧဝရတ်တောင်ဖြစ်ပါသည်။ဧဝရတ်တောင်ထိပ်သည် ပေပေါင်း ၂၉၀၂၈ပေမြင့်ပါသည်။ နီပေါနှင့်တရုတ်နိုင်ငံ၊တိဘတ်ဒေသတို့၏ နယ်စပ်တွင်ရှိပါသည်။ တောင်ထိပ်သို့တတ်မည်ဆိုပါက အောက်စီဂျင်အပိုကိုဆောင်ယူရပါသည်။ ၁၉၂၂ခုနှစ်မှစတင်ပြီး လူသားတို့သည်တောင်ထိပ်သို့ရောက်ရန်အကြိမ်ကြိမ်ကြိုးစားအားထုတ်ခဲ့ကြပါသည်။ လူပေါင်းများစွာ တောင်ထိပ်သို့မရောက်ဘဲ အသက်ဆုံးခဲ့ရပါသည်။ သို့သော်မည်မျှပင် မြင့်မားသောတောင်ဖြစ်စေကာမူ နောက်ဆုံးတော့ လူသားတို့၏ခြေဖဝါးအောက်သို့ရောက်ခဲ့ရပါသည်။ ၁၉၅၃ခုနှစ် မေလ ၂၉ရက်နေ့တွင် နယူးဇီလန်နိုင်ငံသား အက်ဒမန်ဟစ်လာရီနှင့် နီပေါနိုင်ငံသား တင်းဇင်းနော်ကေးတို့သည် တောင်ထိပ်သို့အောင်မြင်စွာ ခြေချနိုင်ခဲ့ပါသည်။ကမ္ဘာတစ်ဝှမ်းမှ ချီးကျူးဂုဏ်ပြုမှုများကိုရရှိခဲ့ပါသည်။ ထိုအတူပဲ ကျွန်တော်တို့၏ဘဝခရီးတွင် တစ်ခါတစ်ရံဧဝရတ်တောင်ကဲ့သို့မြင့်မားသော အခက်အခဲဒုက္ခကျောက်ဆောင်များနှင့် ရင်ဆိုင်ကြရပါသည်။ ဆိုလိုသည်မှာအားမလျော့ဘဲ ဘုရားသခင်ထံမှခွန်အားတောင်းခံပြီး ကျော်လွှားဖို့ဖြစ်ပါ၏။ မိတ်ဆွေ မည်မျှပင် ကြမ်းတမ်းသောဘဝခရီးဖြစ်စေကာမူ ကိုယ်တော်နှင့်အတူ လျှောက်လှမ်းပါကအဆုံး၌ အောင်မြင်ခြင်းကိုရရှိမည်ဖြစ်ပါသည်။
ဖလားဆဲ