အိမ်မက်များဆီသို့

Share

အိမ်မက်များဆီသို့

4.5.2022(Wednesday)

သုတ္တံကျမ်း ၂၂:၂၉“ဆောင်ရွတ်စရာအမှုတို့ကိုကြိုးစား၍ပြီးစီးစေတတ်သောသူရှိသလော။ထိုသူသည် သာမညလူ၏အမှုကို မဆောင်ရွတ်၊ရှင်ဘုရင်၏အမှုတော်ကို ဆောင်ရွတ်ရ၏”

လူတိုင်းတွင် ဘဝအိမ်မက်ကိုယ်စီရှိကြပါသည်။ကလေးဘဝအိမ်မက်၊လူငယ်ဘဝအိမ်မက်၊လူကြီးဘဝအိမ်မက်များရှိကြပါသည်။

အချို့က ဘဝအိမ်မက်များဆီသို့အရောက်လှမ်းနိုင်ကြသော်လည်း အချို့ကတော့ လမ်းခုလတ်တွင် အကြောင်းအမျိုးမျိူးကြောင့် လက်လျော့ခဲ့ကြပါသည်။ အချို့ကတော့ သက်ရှိထင်ရှားရှိစဉ် အိမ်မက်များမမြင်ခဲ့ရသော်လည်း သေဆုံးသွားပြီးမှသာ အိမ်မက်များဖြစ်လာခဲ့ပါသည်။ဒေါက်တာမာတင်လူသာကင်း(ဂျူနီယာ)သည်လူဖြူလူမည်းခွဲခြားခြင်းများမရှိစေရန် အကြမ်းမဖတ်သောနည်းလမ်းဖြင့် ဆန္ဒပြခဲ့ပါသည်။ သူ၏အိမ်မက်မှာ “လူဖြူနှင့်လူမည်းများ ညီအစ်ကိုမောင်နှမသဖွယ် အတူလက်တွဲလျှောက်လှမ်းကြဖို့”ဖြစ်ပါသည်။ ၁၉၆၄တွင် သူသည် “ငြိမ်းချမ်းရေးနိုဗယ်ဆု”ကို ချီးမြင့်ခံခဲ့ရပါသည်။၁၉၆၈၊ဧပြီလ(၄)ရက်နေ့တွင် ချီတတ်ဆန္ဒပြနေစဉ်အတွင်း လုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရပါသည်။ သူသေဆုံးပြီးနောက် မကြာမှီပင် သူ၏အိမ်မက်များဖြစ်လာခဲ့ပါသည်။ အိမ်မက်များဖြစ်လာဖို့ရန် ပေးဆပ်မှု၊ကြိုးစားအားထုတ်မှုသာမက အသက်ကိုစွန့်ခဲ့ရပါသည်။ကြီးမားသောအိမ်မက်များသည်လွယ်လွယ်တော့ ဖြစ်မလာပါ။ ထို့ကြောင့် ဘုရားသခင်ပေးထားသောဆုကျေးဇူး၊အစွမ်းအစများနှင့်အတူ ကြိုးစားအားထုတ်ခြင်း၊ဆုတောင်းခြင်းများအားဖြင့် အိမ်မက်များဆီသို့အရောက်လှမ်းကြစို့။

ဖလားဆဲ