အကောင်းဆုံးလက်နက်

Share

အကောင်းဆုံးလက်နက်

1.6.2022(Sunday)

မဿဲ ၇:၇“တောင်းကြလော့။တောင်းလျှင်ရမည်။ရှာကြလော့။ရှာလျှင်တွေ့မည်။တံခါးကိုခေါက်ကြလော့။ခေါက်လျှင်ဖွင့်မည်”

ကမ္ဘာ့နိုင်ငံအသီးသီးတွင် မိမိတို့နိုင်ငံကိုကာကွယ်ဖို့ရန် အကောင်ဆုံးလက်နက်များပြင်ဆင်ကာ တည်ဆောက်ကြပါသည်။ အကောင်း ဆုံးလက်နက်ရှိမှသာလျှင် ရန်စွယ်အမျိုးမျိုးကို တွန်းလှန်နိုင်မည်ဖြစ်သည်။

ယုံကြည်သူဘုရားသခင်၏သားသမီးတိုင်းအတွက် သမ္မာကျမ်းစာထဲတွင် အကောင်းဆုံးလက်နက်ကို ပေးထားသည်ကို တွေ့ရမည်ဖြစ်သည်။ထိုလက်နက်မှာ“ဆုတောင်းခြင်း”ဖြစ်ပါသည်။ ဆုတောင်းခြင်းသည် မဖြစ်နိုင်သောအရာများကို ဖြစ်လာစေပါသည်။ ပရောဖတ်ဧလိယ၏ ဘဝအသက်တာကိုလေ့လာကြည့်မိဆိုပါက ဆုတောင်းခြင်းအားဖြင့် အံဩဖွယ်အမှုအရာများကို လုပ်ဆောင်နိုင်ခဲ့ပါသည်။ ယာကုပ် ၅:၁၇-၁၈တွင် ဧလိယသည်ဖြောင့်မတ်သောသူဖြစ်သည်ဟု ဖော်ပြထားပါသည်။ ဖြောင့်မတ်သောသူ၏ဆုတောင်းခြင်းသည် အရှိန်ကြီး၍ အလွန်တန်ခိုးရှိပါသည်။ သူ၏ဆုတောင်းခြင်းအားဖြင့် သုံးနှစ်နှင့်ခြောက်လပတ်လုံးမြေပေါ်၌မိုးမရွာဘဲနေပါသည်။ တဖန်ဆုတောင်းသောအခါ ဘုရားသခင်သည် မိုးကောင်းကင်၌မိုးရွာစေပါသည်။ ထို့ကြောင့်ဆုတောင်းခြင်းသည် အခြေအနေအရပ်ရပ်ကိုပြောင်းလဲစေနိုင်သောကြောင့် ဆုတောင်းခြင်းအမှု၌သာ၍အားထုတ်ကြပါစို့။

ဖလားဆဲ