နောက်ကွယ်မှပေးဆပ်သူ

Share

နောက်ကွယ်မှပေးဆပ်သူ

14.4.2022(Thursday)

၂ကော ၄:၁၇“အကြောင်းမူကား၊မျက်မှောက်၌ ထင်ရှားသောအရာတို့သည်ခဏသာတည်၍၊မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည်ထောက်လျက်..”

ယနေ့ခေတ်တွင်နေရာအသီးသီး၌ အောင်မြင်ကျော်ကြားသူများရှိကြပါသည်။ အချို့၏ လုပ်ဆောင်မှုများက ထင်ရှားသလို အချို့၏လုပ်ဆောင်မှုများက မထင်ရှားဘဲ၊ အသိအမှတ်အပြုမခံရသောသူများလည်းရှိပါသည်။

ထင်ရှားသောသူများ၏လုပ်ဆောင်မှုများဖြစ် စေနောက်ကွယ်မှ ပေးဆပ်လုပ်ဆောင်မှုများဖြစ်စေ၊ ဘုရားသခင်၏အရှေ့တွင် အရာအားလုံးသည်ထင်ရှား ပေါ်လွင်လာမည်ဖြစ်သည်။ စာရေးသူ၏သူငယ်ချင်း ဆရာနေမျိုးရေးသားခဲ့သော (အမျိုးသမီးများအတုယူစရာ)ဆောင်းပါးထဲမှ အနည်းငယ်ထုတ်နုတ်ဖော်ပြလိုပါသည်။သမ္မာကျမ်းစာထဲတွင် အမည်နာမဖော်ပြခြင်းမခံရသော နောက်ကွယ်မှပေးဆပ်သူများရှိပါ၏။

(က)ဧလိရှဲအတွက်နေဖို့၊ထိုင်ဖို့၊စားဖို့၊အိပ်ဖို့ အကုန်လုံးကို ပြင်ဆင်ပေးသော ရှူနင်မြို့သူ၏အမည်ကို မသိရပါ။

(ခ)ဗိုလ်ချုပ်နေမန်၏နူနာရောဂါ‌ပျောက်ကင်းဖို့ရန်အတွက် အကြံပေးသော က္ကသရေလကျွန်မလေး၏အမည်ကိုမသိရပါ။

(ဂ)ယေရှုခေါင်းကို ဆီလိမ်းပေးသော အမျိုးသမီး၏အမည်ကိုမသိရပါ။

ထိုအမျိုးသမီးများ၏ အမည်နာမကို ကျွန်တော်တို့သည် မသိရသော်လည်း၊ သူတို့၏နောက်ကွယ်မှပေးဆပ်လုပ်ဆောင်မှုများသည် အင်မတန်မှထင်ရှားလှပါသည်။ ဘုရားသခင်သည် ကျွန်တော်တို့၏အသက်ရှင်မှု၊လုပ်ဆောင်မှုများကို သတိနှင့်ကြည့်ရှုသောကြောင့် ထင်ရှားသည်ဖြစ်စေ၊မထင်ရှားသည်ဖြစ်‌စေ၊အကောင်းဆုံးပေးဆပ်ကြစို့။

ဖလားဆဲ