အရာရာ၌ဘုန်းတော်ထင်ရှားစေပါ
7.4.2022(Thursday)
၁ကော ၁၀:၃၁“သင်တို့သည် စားသော်လည်းကောင်း၊သောက်သော်လည်းကောင်း၊ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစွကိုပြုကြလော့”
ကမ္ဘာလောကကြီးတစ်ခုလုံး၏ဖြစ်တည်မှုသည် ဖန်ဆင်းရှင်ရှိသောကြောင့်ဖြစ်ပါ၏။ မည်သည့်အရာမျှ မတော်တဆဖြစ်လာသည်မဟုတ်ပေ။
ကမ္ဘာဦးအစ ဘုရားသခင်သည် အာဒံနှင့်ဧဝကို ဖန်ဆင်းခဲ့ပါသည်။ ဖန်ဆင်းခြင်းနှင့်ကင်းလွှတ်သောအရာတစ်ခုမှမရှိပေ။ ဖန်ဆင်းသမျှ အရာအားလုံးတို့သည်လည်း ဘုရားဘုန်းတော်ထင်ရှားစေဖို့ရန်ဖြစ်သည်။သေးနုပ်သော ပုရွတ်ဆိတ်ပင်လျှင် ဘုရားဘုန်းတော်ထင်ရှားစေသလို၊ သဘာဝအတိုင်းဖြစ်တည်နေသော ရှုခင်း၊တောတောင်၊ရေမြေတို့သည် ဖန်ဆင်းရှင်၏ဖြစ်တည်မှု ဖော်ပြလို့နေပါသည်။ ယုံကြည်သူသားသမီးတိုင်း၏တာဝန်သည် သွားခြင်း၊လာခြင်း၊ထိုင်ခြင်း၊ ထခြင်းမည်သည့်အမှုကို ပြုသည်ဖြစ်စေ ဘုရားဘုန်းတော်ထင်ရှားစေဖို့ရန်ဖြစ်ပါသည်။ ခရစ်တော်ကိုမသိရှိသောသူများအရှေ့တွင် ပုံသက်သေကောင်းအဖြစ်အသက်ရှင်ဖို့ရန်ဖြစ်ပါ၏။ အတုယူစရာမဟုတ်ပါက တည်ဆောက်စရာဖြစ်မည်မဟုတ်ပေ။ ယုံကြည်သူတိုင်းသည် ခရစ်တော်အားဖြင့် အသစ်သောအသက်တာဖြင့် ဖြစ်ရပါမည်။ ကျွန်တော်တို့အတွက် ဘုရားသခင်၏အကြံအစည်သည်မတူညီသလို၊ ပေးထားသောတာဝန်လည်းတူမည်မဟုတ်ပေ။ ထို့ကြောင့် မိမိရှိရာဂဏ္ဍတွင် ဘုရားဘုန်းတော်ထင်ရှားလာစေဖို့ရန် ပုံသက်သေကောင်းဖြင့်အသက်ရှင်လျှောက်လှမ်းကြပါစို့။
ဖလားဆဲ