နောက်လှည့်မကြည့်နှင့်

Share

နောက်လှည့်မကြည့်နှင့်

2.4.2022(Saturday)

ဖိလိပ္ပိ ၃:၁၃“ ညီအစ်ကိုတို့၊ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ်မထင်သော်လည်း၊ငါပြုသောအမှုတစ်ခုဟူမူကား၊နောက်ကျသောအရာတို့ကိုမမှတ်ှတ်ပဲ၊ရှေ့၌ရှိသောအရာတို့ကို လှမ်းကမ်း၍”

ကျွန်တော်တို့အယောက်စီတိုင်းတွင် အတိတ်ကိုယ်စီရှိကြပါသည်။ လှပသောအတိတ်များရှိသလို ခက်ခဲသောအတိတ်များလည်းရှိမည်ဖြစ်သည်။ အတိတ်ဟူသော အရာသည် ပြန်ပြင်လို့မရသလို၊ပြောင်းလဲလို့လည်းရသောအရာမဟုတ်ပေ။
သို့သော် အနာဂတ်၏ခရီးတွင် အတိတ်၏အရိပ်ဆိုးများကိုချန်ထားခဲ့မှသာ အကောင်းဆုံးရှေ့ဆက်နိုင်မည်ဖြစ်သည်။ ဥပမာအနေဖြင့်-ကားတစ်စီးတွင် ရှေ့ကြည့်မှန်ကို အကျယ်ကြီးထားပြီး၊ နောက်ကြည့်မှန်ကတော့ ခပ်သေးသေးလေးသာတပ်ထားပါသည်။ ကားမောင်းသူသည် အများအားဖြင့် အရှေ့သို့သာဦးတည်ပြီးကြည့်ကာ မောင်းရပါသည်။ အကယ်၍နောက်ကြည့်မှန်ကို ခနခနကြည့်ပါက တစ်ခဏအတွင်း အရှေ့ကိုအာရုံမစိုက်နိုင်ဘဲဖြစ်နေလိမ့်မည်။ သမ္မာကျမ်းစာထဲ၌ အကောင်းဆုံးပုံဥပမာတစ်ခုမှာ၊ လောတ၏ဇနီးဖြစ်ပါ၏။ သူမ၏ပိုင်ဆိုင်မှုများကို နောက်ပြန်လှည့်ကြည့်သောအခါ ဆားတိုင်ဖြစ်သွားခဲ့ရပါသည်။ အပြေးပြိုင်ပွဲဝင်တစ်ဦးကိုကြည့်မည်ဆိုလျှင်လည်းဘယ်တော့နောက်ပြန်လှည့်မကြည့်ဘဲ ပန်းတိုင်ဆီသို့သာ အာရုံစိုက်ကာ ပြေးပါသည်။ ထို့ကြောင့် အတိတ်၏ကျေးကျွန်မဖြစ်စေဘဲ ဘုရားပေးခွန်အားဖြင့် အနာဂတ်ရှေ့ခရီးကို လျှောက်လှမ်ကြပါစို့ဟု အားပေးပါရစေ။

ဖလားဆဲ