ခွင့်လွှတ်ခြင်းအားဖြင့်သာ
16.3.2022(Wednesday)
ဧဖတ် ၄:၃၂“ဘုရားသခင်သည်ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်လွှတ်ခြင်းရှိကြလော့”
ခွင့်လွှတ်ခြင်းဟူသောစကားလုံးလေးသည် ကျွန်တော်တို့နှင့်ရင်းနှီးနေသောစကားလုံးလေးဖြစ်ပါ၏။ တစ်ခါတလေကျွန်တော်တို့၏ဘဝခရီးတွင် သူတစ်ပါးပြစ်မှားသောအပြစ်များကို ခွင့်လွှတ်ရမည့်အချိန်မျိုးရှိသလို၊မိမိ၏အပြစ်များကို ခွင့်လွှတ်ပေးရန် တောင်းပန်ရသောအချိန်မျိုးလည်းရှိပါသည်။
အာဖရိကတိုက်၏ထင်ရှားသော ဒီမိုကရေစီခေါင်းဆောင် နယ်ဆင်မင်ဒဲလား၏ဈာပနာ၌ ကမ္ဘာ့ခေါင်းဆောင်များဖြစ်သော အမေရိကန်သမ္မတအိုဘားမားနှင့် ကျူးဘားသမ္မတ ရာအူးကက်စထရိုးတို့ တတ်ရောက်လာကြပါသည်။ နှစ်ပေါင်း(၅၀)တိုင်တိုင် အမုန်းတရားများကြောင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံသံတမန်ရေးရာဆက်သွယ်မှုပြတ်တောက်ခဲ့ရပါသည်။ သို့သော် ခေါင်းဆောင်နှစ်ဦးသည် ထိုဈာပနာ၌တွေ့ဆုံသည့်အခါဝယ် အမုန်းတရားများချုပ်ငြိမ်းကာ ခွင့်လွှတ်ခြင်းအားဖြင့် အပြန်အလှန်နှုတ်ဆက်ခဲ့ကြပါသည်။ ခွင့်လွှတ်ခြင်းအားဖြင့်တိုင်းသူပြည်သားများသည်လည်း အကျိုးကျေးဇူးများခံစားခဲ့ကြရပါသည်။ ခွင့်လွှတ်ခြင်းသည် ခရစ်ယာန်အသက်တာ၏ မဖြစ်မနေဆည်ပူးရမည့်အရာဟု သမ္မာကျမ်းစာက မိန့်ဆိုထားပါသည်။ ကနဦးယုံကြည်သူများ၏ အသက်တာကိုကြည့်မည်ဆိုလျှင် အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းများကြုံတွေ့ရသော်ငြားလည်း ခွင့်လွှတ်ခြင်းဖြင့် ကယ်တင်ခြင်းသတင်းကောင်းကို ဝေမျှနိုင်ခဲ့ပါသည်။ထို့ကြောင့် ခွင့်လွှတ်ခြင်းအားဖြင့်သာ ဝမ်းမြောက်ခြင်း၊ငြိမ်သက်ခြင်းကိုရရှိမည်ဖြစ်သောကြောင့် ချည်နှောင်ခြင်းများ၊မုန်းတီးခြင်းများကို ချန်ထားကြရအောင်ဟု အားပေးပါရစေ။
ဖလားဆဲ