ကိုယ်တော်အလိုတော်သာ
14.3.2022(Monday)
မာလခိ ၁:၃“သို့သော်လည်း ယာကုပ်ကိုငါချစ်၏။ဧသောကိုငါမုန်း၍ သူနေသောတောင်တို့ကိုလွင်ပြင်ဖြစ်စေပြီး။သူ့အမွေခံရာမြေကို မြေခွေးတို့၌အပ်လေပြီးဟု ထာဝရဘုရားမိန့်တော်မူ၏”
မာလခိ၁:၃ကိုဖတ်ကြည့်ပါက ယာကုပ်ကိုငါချစ်၏။ဧသောကိုငါမုန်း၏ဟုဖော်ပြထားပါသည်။ ယာကုပ်၏အသက်တာကို ကြည့်မိဆိုပါက ပြည့်စုံသောသူတော့မဟုတ်ခဲ့ပေ။လိမ်လည်၍ ကောင်းကြီးကိုရရှိဖို့ရန်လုပ်ဆောင်သောသူဖြစ်ခဲ့သည်။သို့သော် လည်းသူ၏အသက်တာကို ဘုရားသခင်ကောင်းကြီးပေး၍လမ်းပြပို့ဆောင်ပေးခဲ့ပါသည်။ က္ကသရေလူမျိုး(၁၂)နွယ်ကို မွေးဖွားခဲ့သူဖြစ်လာခဲ့ပါသည်။ စာရေးသူတွင် သူငယ်ချင်းတစ်ယောက်ရှိပါသည်။ သူ၏လူငယ်ဘဝသည် အင်မတန်မှဆိုးသွမ်း၍ လူ့အသိုင်းအဝိုင်းပတ်ဝန်းကျင်၏ အထင်အမြင်သေးခြင်းကိုခံရပါသည်။ သို့သော် သူသည် ရန်ကုန်သို့အလုပ်တတ်လုပ်သောအခါ အဆင်မပြေ၍ သင်းအုပ်ဆရာတစ်ယောက်၏အိမ်တွင် သွားရောက်တည်းခိုခဲ့ရပါသည်။ သင်းအုပ်ဆရာအိမ်ဖြစ်သည့်အလျောက် တစ်အိမ်ပြီးတစ်အိမ်မကြာခဏဝတ်ပြုခြင်းဝတ်များလုပ်ဆောင်သောအခါလိုက်ရပါသည်။ထိုသို့ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်များတွင် လိုက်လံပါဝင်ရင်း အသက်တာလည်းပြောင်းလဲလာခဲ့ပါသည်။ထိုနောက် ကျမ်းစာကျောင်းတတ်ခဲ့ပါသည်။ ယခုတော့ အသင်းတော်ငယ်လေး၏ သင်းအုပ်ဆရာတစ်ယောက်ဖြစ်လာခဲ့ပါသည်။ အံဩဘွယ်ရာ ဘုရားသခင်၏အကြံအစည်ဖြစ်ပါ၏။ ထို့ကြောင့်ကိုယ်တော်အလိုတော်၊အကြံအစည်သည် အကောင်းဆုံးဖြစ်သောကြောင့် မိမိ၏အသက်တာကို ဘုရားသခင်ထံအပ်နှံခြင်းဖြင့်လျှောက်လှမ်းကြရအောင်။
ဖလားဆဲ