ကွယ်ကာစောင်မတော်မူလိမ့်မည်

Share

ကွယ်ကာစောင့်မတော်မူလိမ့်မည်

5.3.2022(Saturday)

ဆာလံကျမ်း ၉၁:၁“အမြင့်ဆုံးသောဘုရား၏ကွယ်ကာရာဌာနတော်၌နေသောသူသည်အနန္တတန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်”

နှုတ်ကပတ်တော်သမ္မာကျမ်းထဲ၌ ပေးထားသောဂတိတော်ရှိပါ၏။ထိုဂတိတော်မှာ အမြင့်ဆုံးသောကွယ်ကာရာဌာနတော်၌နေသောသူသည် အနန္တတန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ကွယ်ကာစောင့်မခြင်းအားဖြင့် စစ်ပွဲမီးလျှံမှထွက်ပြေးလွတ်မြောက်လာသော ကျွန်တော်၏ဦးလေးအမှုတော်ဆောင််အကြောင်းကို ဖော်ပြလိုပါသည်။သူသည် ကျမ်းစာကျောင်းအောင်မြင်ပြီး‌ နောက်ဘုရားသခင်၏ရွေးကောက်ခြင်းအားဖြင့် ကယားပြည်နယ်ရှိ ရွာလေးတစ်ရွာတွင်သွားရောက်အစေခံခဲ့ပါသည်။ စတင်အမှုတော်ဆောင်ချိန်တွင် တပည့်တော်စုလေးဖြစ်၍ ယုံကြည်သူအိမ်(၃)အိမ်သာရှိပါ၏။ သွားရောက်ဆပ်ကပ်ရာတွင် ဆယ်နှစ်ကြာ‌ သောအခါယုံကြည်သူ(၁၅)အိမ်ဖြင့်အသင်းတော်ငယ်လေးတစ်ခုဖြစ်လာခဲ့ပါသည်။ သို့သော် ကယားပြည်တွင် စစ်ပွဲများဖြစ်လာ၍ သူ၏မိသားစုနှင့် အသင်းသားများသည်လည်း တောင်ကုန်းတောင်တန်းများကြားတွင် ထွက်ပြေးခိုလှုံကြရပါသည်။ အသင်းတော်၊အလုပ်အကိုင်၊အသင်းသားများလည်းတကွဲဲတပြားဖြစ်သွားခဲ့ရပါသည်။ ခက်ခဲမှုများကြားထဲပြေးလွှားရင်း ယခုတော့ဘုရားသခင်၏ကွယ်ကာစောင့်မခြင်းအားဖြင့် ရန်ကုန်အထိရောက်လာနိုင်ခဲ့ကြပါသည်။ ကျေးဇူးတော်ကို ချီးမွမ်းရင်းဖြင့် ယခုတော့ဘုရားသခင်ပို့ဆောင်ပေးသောနေရာတွင် ဆက်လက်အမှုတော်ဆောင်ပါသည်။ နှုတ်ကပတ်တော်အားဖြင့်သာ ခွန်အားယူဖို့ဖြစ်ပါ၏။ ဘုရားသခင်အား ခိုလှုံကိုးစားသူတိုင်းအတွက် ဘယ်တော့မှ မျက်ကွယ်ပြုခြင်းခံရမည်မဟုတ်ပေ။ ကိုယ်တော်၏ကွယ်ကာ‌ စောင့်မခြင်းအားဖြင့် အရာရာကို ကျော်ဖြတ်ကြဖို့ပါ။

ဖလားဆဲ