ပေးလှူသောသူဖြစ်စေပါ
1.3.2022(Tuesday)
လုကာ ၆:၃၈“သူတစ်ပါးအားပေးကြလော့။ပေးလျှင်သူတစ်ပါးသည်သင်တို့အားပေးလိမ့်မည်”
ပေးလှူခြင်းသည် အမှန်တကယ်တော့ မွန်မြတ်သောအရာတစ်ခုဖြစ်သည်။ပေးလှူခြင်းသည် ဆင်းရဲ၊ချမ်းသာသူဟူ၍မရှိဘဲ ပေးလှူသောသူ၏နှလုံးသားနှင့်သက်ဆိုင်ပေသည်။
ပေးလှူခြင်းနှင့်ပတ်သတ်ပြီး သန်းကြွယ်သူဌေးကြီး ရော့ဖဲလားအကြောင်းကိုဖော်ပြလိုပါ၏။သူသည် ငယ်စဉ်အခါက ဆင်းရဲသောမိဘနှစ်ပါးမှ မွေးဖွားလာခဲ့ပါသည်။ အရွယ်ရောက်လာ၍ ကုန်သည်လုပ်ရာမှ သူ့အသက်(၃၃)အရွယ်တွင်သန်းကြွယ်သူဌေးဖြစ်လာခဲ့ပါသည်။သို့သော် သူ့အသက်(၅၃)နှစ်တွင် အယ်လိုပီဇီးယားဟုဆိုသော ထူးဆန်းသည့်ရောဂါတစ်မျိုးကို ခံစားလာခဲ့ရပါသည်။ ဆံပင်၊မျက်ခုံး၊ မျက် တောင်ပါမကျန် ကျွတ်ထွက်သွားပါတော့သည်။ တစ်ပတ်ဒေါ်လာတစ်သန်းနီးပါးရရှိသော်ငြားလည်း အစာအိမ်လမ်းကြောင်းတွင် အစာချေရာ၌ပြဿနာရှိသောကြောင့် ဘီစကစ်နှင့် နို့ကိုသာ စားရပါသည်။ စာကောင်းခြင်းမစားရ၊ အိပ်ကောင်းခြင်းမအိပ်ရခဲ့ပါ။ ဆရာဝန်ကသေမည်ဟုပြောသောအခါစိတ်ဓါတ်ကျသွားပါတော့သည်။ မျှော်လင့်ချက်မရှိ၊လမ်းပျောက်နေချိန်တွင် တနေ့၌ သူငယ်ချင်း၏ဖိတ်ခေါ်မှုဖြင့် ဘုရားကျောင်းတတ်ခဲ့ပါသည်။ ဘုရားကျောင်း၌ကြားနာရသောတရား ဒေသနာအားဖြင့် ပေးလှူခြင်းအမှု၌ စိတ်အားထက်သန်လာပါသည်။ နောက်ပိုင်းတွင် သူသည် ရော့ဖဲလားဖောင်ဒေးရှင်းတည်ထောင်ကာ ဆေးရုံများ၊ သာသနာပြုလုပ်ငန်းများအတွက် ရက်ရောစွာပေးကမ်းလှူဒါန်းခဲ့ပါသည်။ ပေးလှူခြင်းအမှု၌ လက်တွေ့အသက်ရှင်ခဲ့သော ရော့ဖဲလားသည် အသက်(၉၈)နှစ်အထိတိုင်အသက်ရှင်နေထိုင်ခဲ့ပါသည်။ထို ကြောင့်ပေးလှူခြင်းအမှုသည် ရယူခြင်းထက်မွန်မြတ်သောကြောင့် ပေးလှူသောသူဖြစ်စေကြရအောင်ဟု တိုက်တွန်းနှိုးဆော်ပါရစေ။
ဖလားဆဲ