ဆုတောင်းခြင်းနဲ့ အားယူပါ
25.2.2022(Friday)
ဧဖတ် ၁:၆“သို့ရာတွင် တွေးတောခြင်းမရှိဘဲ၊ ယုံကြည်သောစိတ်နှင့်တောင်းရမည်။တွေးတောသောသူသည်ကား၊ လေခတ်၍ လှုပ်ရှားတတ်သောလှိုင်းတပိုးနှင့်တူ၏”
ဆုတောင်းခြင်းသည် ဘုရားသခင်၏ လက်တော်၊ လမ်းပြခြင်း၊ မစခြင်းများကို ရရှိရန်အကောင်းဆုံးနည်းလမ်းဖြစ်ပါ၏။ ဆုတောင်းခြင်းအားကြီးဖို့ရန်မှာ ကျွန်တော်တို့၏ တာဝန်ဖြစ်ပေသည်။
ယနေ့တွင် ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသောအရာများ၊ ဒုက္ခဆင်းရဲခြင်း၊အခက်အခဲများ၊ ဖိစီးမှုများကို ခံနိုင်ဖို့ရန်မှာ ဆုတောင်းခြင်းအားဖြင့် ရရှိသောခွန်အားလိုပါသည်။ တနေ့တော့ ဆရာကြီး ဂျော့မူးလယ်သည် တရားဟောဖို့ရန် ရေကြောင်းခရီးဖြင့် သွားရပါသည်။ သို့သော် မိုးလေဝါသအခြေအနေ မကောင်းသောကြောင့် သင်္ဘောကပ္ပတိန်က လိုရာခရီးသို့ရောက်ဖို့ရန်နှစ်ရက်ကြာမည်ဟု ဆရာကြီးကို ပြောသည်။ ထိုအခါဆရာကြီးက သင်္ဘော၏ဦးခေါင်းတွင် တစ်ယောက်တည်းထွက်၍ ယုံကြည်ခြင်းဖြင့် တရားဟောပွဲကို အချိန်မှီရောက်ဖို့ရန် ဘုရားသခင်ထံ ဆုတောင်းခဲ့ပါသည်။ သူသည် စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ခြင်းဖြင့်ဆုတောင်းခြင်းကြောင့် မကြာမှီပင်တိမ်များပြယ်လွင့်ကာ မိုလေဝသအခြေအနေများလည်း ပြန်လည်သာယာလာပါတော့သည်။ သင်္ဘောကပ္ပတိန်လည်း အင်မတန်မှ အံဩသွားခဲ့ရပါသည်။ တန်ခိုးအရှိန်ကြီးမားသော ဆုတောင်းခြင်းသည် ဘယ်သောအခါမှ အချည်းနှီးမဖြစ်ပါ။ ဘုရားသခင်သည် နားညောင်းတော်မူပါသည်။ဆုတောင်းခြင်းသည် ကျွန်တော်တို့၏ ခွန်အား၊ ဝမ်းမြောက်ခြင်း၊ ရဲ့ရင့်ခြင်း၊ ဖြစ်သောကြောင့် ဆုတောင်းခြင်းအမှု၌ အားယူ၍ ယုံကြည်ခြင်းဖြင့်ဘုရားသခင်ထံချဥ်းကပ်ကြစို့။
ဖလားဆဲ