စောင့်ဆိုင်းခြင်း
23.2.2022(Wednesday)
သုတ္တံကျမ်း ၁၆:၃၂“စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူထက်၎င်း၊မိမိစိတ်ကို ချုပ်တီးသောသူသည် မြို့ကိုတိုက်ယူသောသူထက်၎င်း သာ၍ကောင်း၏”
ခရီးတစ်ခုသွားကြသည့်အခါဝယ် ကျွန်တော်တို့သည် သတ်မှတ်ထားသောအချိန်မရောက်မှီ စောင့်ဆိုင်းကြရပါသည်။ ဥပမာအနေဖြင့်-ကားတစ်စီးထွက်ရမည့်အချိန် မရောက်မချင်း စောင့်ဆိုင်းရမည့်မှာ ခရီးသည်များ၏တာဝန်ဖြစ်ပါသည်။
နှုတ်ကပတ်တော် သမ္မာကျမ်းစာထဲတွင် စောင့်ဆိုင်းခြင်းအကြောင်းအရာများစွာကို တွေ့နိုင်ပါသည်။ နောဧ၏အသက်တာတွင် ဂတိတော်ပြည့်စုံလာဖို့ရန် နှစ်ပေါင်း(၁၂၀)၊အာဗြံဟံသည် သားက္ကဇက်ရဖို့ရန်နှစ်ပေါင်း(၁၀၀)၊မောရှေသည် က္ကသရေလလူမျိုးများကို ခါနာန်ပြည်သို့ ရောက်ဖို့ရန် တောထဲ၌ နှစ်ပေါင်း(၄၀)အထိ စောင့်ဆိုင်းခဲ့ကြရပါသည်။ မှန်ကန်သော စောင့်ဆိုင်းခြင်းသည် ဘုရားပေးသော ကောင်းကြီးမင်္ဂလာနှင့်ယှဉ်တွဲလို့နေပါသည်။ ဘုရားပေးသော အခွင့်အရေးနဲ့အချိန်အခါကို မစောင့်ဆိုင်းတတ်ပါက ပူပန်မှုများ၊ စိုးရိမ်မှုများနှင့်ပြည့်လို့နေမည်ဖြစ်သည်။ ရှောလုမင်းကြီးသည်လည်း ယဇ်ပူဇော်ခြင်းအမှုကို လုပ်ဆောင်ရာတွင် ရှမွေလအားမစောင့်ဆိုင်းပဲ မိမိသဘောအတိုင်းလုပ်ဆောင်သောကြောင့် ဘုရားသခင်၏ စွန့်ခွာခြင်းကို ခံခဲ့ရပါသည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် ကျွန်တော်တို့၏ အခက်ခဲများအတွက် အမြန်ဆုံးဖြေရှင်းပေးပါသည်။ သို့သော် တစ်ခါတစ်ရံမှာတော့ ဘုရားသခင်၏ပြင်ဆင်ပေးခြင်းကို ရရှိဖို့ရန် စောင့်ဆိုင်းတတ်ဖို့လိုပါသည်။ စောင့်ဆိုင်းခြင်းအားဖြင့် ဘုရားသခင်၊ ကွယ်ကာခြင်း၊လမ်းပြခြင်း၊မစခြင်းများကို ရရှိမည်ဖြစ်သောကြောင့် အလိုတော်ကိုဝန်ခံရင်း လျှောက်လှမ်းကြဖို့ပါ။
ဖလားဆဲ