အားပေးနှစ်သိမ့်ခြင်း

Share

အားပေးနှစ်သိမ့်ခြင်း

21.2.2022(Monday)

ဂလာတိ ၆:၂“ထမ်းရွက်စရာဝန်ချင်းတို့ကို၊ အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့”

လူတိုင်း၏ဘဝတွင် တစ်ချိန်မဟုတ် အခြားသူများ၏ နှစ်သိမ့်အားပေးမှုလိုပါသည်။ အချို့သောလောကဓံတရားများကို မိမိတစ်ယောက်တည်းကျော်ဖြတ်နိုင်သော်ငြားလည်း အချို့သောလောကဓံများက မိတ်ဆွေအပေါင်းအသင်းများ၏ကူညီဖေးမမှုလိုအပ်ပါ၏။
ထိုအတူပဲ ပရောဖတ်ကြီးဧလိယ၏ အသက်တာတွင်လည်း ဘုရားသခင်၏အားပေးနှစ်သိမ့်မှုအကူအညီကို ယူခဲ့ရပါသည်။ ရှင်ဘုရင်အာဟပ်၏မိဘုရားယေဇဗေလ၏ ချိန်းခြောက်မှုနှင့်ရင်ဆိုင်ရသောအခါ သေမတတ်ကြောက်လန့်ကာ ယုဒခရိုင်၊ ဗေရရှေဘမြို့သို့ ပြေးခဲ့ရပါသည်။ထို့နောက် ဘုရားသခင်သည် သူအားအနားယူစေကာ အားပေးနှစ်သိမ့်ခဲ့ရပါသည်။ နောက်ပိုင်းတွင် ဘုရားပေးသောခွန်အားဖြင့် အသစ်သောအမှုအရာများ၌ ပြန်လည်လုပ်ဆောင်အသုံးခံခဲ့ရပါသည်။ ပရောဖတ်ကြီးဧလိယကဲ့သို့ ကျွန်တော်တို့၏ ဘဝအသက်တာတွင်လည်း အားပေးနှစ်သိမ့်သူလိုသောအချိန်လည်း ရှိမည်ဖြစ်သည်။စာရေးသူ၏ဘဝအသက်တာတွင်လည်း ဆယ်တန်းအောင်ပြီးနောက် အလုပ်တစ်ခုခုလုပ်ဖို့ရန် လိုအပ်လာပါတော့သည်။ ရန်ကုန်မြို့တစ်မြို့လုံးပတ်ကာ အလုပ်ရှာဖွေသော်လည်း မရပါ။ ထိုနောက် သူငယ်ချင်း၏အိမ်၌ တစ်လတိတိနေကာ အလုပ်ရဖို့ရန်‌ စောင့်ခဲ့ရပါသည်။ သူငယ်ချင်း၏ ကူညီဖေးမမှုတို့ကြောင့် ထိုအခက်ခဲကိုကျော်ဖြတ်နိုင်ခဲ့ပါသည်။ နောက်ဆုံးတွင် အလုပ်သစ်တစ်ခုကို ရရှိခဲ့ပါသည်။ ထို့ကြောင့် ယူကြည်သူတိုင်းသည် ခရစ်တော်၏ အင်္ဂါချင်းဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦးပစ်ပယ်မထားဘဲ၊ အချင်းချင်းဖေးမခြင်းဖြင့် ကူညီဖေးရမည်ဖြစ်သည်။ အချင်းချင်းအားပေးခြင်း၊ ဘုရားပေးသောနှစ်သိမ့်ခြင်းများဖြင့်သာ အရာအားလုံးကို ကျော်လွှားနိုင်မည်ဖြစ်သည်။
ဖလားဆဲ