လျှာ
19.2.2022(Saturday)
ယာကုပ် ၃:၂“ငါတို့ရှိသမျှသည် အများအားဖြင့် မှားတတ်ကြ၏။စကားအားဖြင့် မှားခြင်းမရှိသောသူမည်သည်ကား၊စုံလင်သောသူဖြစ်၏။မိမိတကိုယ်လုံးကို ချုပ်တီးနိုင်သောသူဖြစ်၏”
လောကတွင်ထိန်းချုပ်မရနိုင်သောအရာများထဲတွင် လျှာသည်တစ်ခုအပါအဝင်ဖြစ်ပါ၏။ စာရေးသူ၏ဘဝအသက်တာတွင်လည်း လျှာအားဖြင့် တပါးသူအားပြောမှားဆိုမှားရှိခဲ့ဖူးပါသည်။ လျှာကို ထိန်းချုပ်မရသောအချိန်မှာ “ဒေါသအလွန်ထွက်သောအချိန်”ဟုညွန်းဆိုလိုပါသည်။
ဘုရားသခင်သည်က္ကသရေလလူမျိုးများကို အဲဂုတ္တုပြည်မှခေါ်ဆောင်လာပြီးနောက် တောထဲတွင်နှစ်ပေါင်း(၄၀)အချိန်ကြာသွားခဲ့ပါသည်။ အဘယ်ကြောင့် က္ကသရေလလူမျိုးများ ခါနာန်ပြည်သို့ စော စောမဝင်ရသနည်း။ အကြောင်းမှာ သူတို့၏လျှာအားဖြင့် ညီးတွားမြည်တမ်းသောစကားများကြောင့်ဘုရားသခင်အား စိတ်ပျက်သွားစေခဲ့ပါသည်။ ထွက်မြောက်ရာကျမ်းထဲတွင် ဘုရားသခင်သည် မောရှေအားက္ကသရေလလူမျိုးများကို ခါနာန်ပြည်သို့မပို့ဆောင်ပေးနိုင်တော့ကြောင့်ပြောပါသည်။ ထိုအခါမောရှေက ကိုယ်တော်မပါလျှင် အကျွန်ုပ်လည်း ရှေ့ဆက်မသွားနိုင်ပါဟုပြောပါသည်။ နောက်ဆုံးတွင်ဘုရားသခင်သည် အဆုံးတိုင်အောင် ပို့ဆောင်ပေးခဲ့ပါသည်။ သို့သော် က္ကသရေလလူများသည် ဘုရားသခင်၏ပို့ဆောင်ပေးခြင်းအပေါ် လျှာအားဖြင့် မကြာခဏပြစ်မှားကြသောကြောင့် ခါနာန်ပြည်သို့ဝင်နိုင်ဖို့ရန်နှစ်ပေါင်း(၄၀)ကြာသွားခဲ့ရပါသည်။ ထို့ကြောင့် လျှာသည် အင်မတန်မှသေးငယ်သော်လည်း များစွာသောမီးကိုဖြစ်စေနိုင်သောကြောင့် လျှာအားဖြင့် ကောင်းမွန်သောစကားများကိုပြောဆိုကြဖို့ဖြစ်သည်။
ဖလားဆဲ