ရဲစွမ်းသတ္တိ

Share

ရဲစွမ်းသတ္တိ(Courage)

ဆာလံကျမ်း ၁၈:၂“ထာဝရဘုရားသည် ငါ၏ကျောက်၊ငါ၏မြို့ရိုး၊ငါ့ကို ကယ်လွှတ်သောသခင်၊ငါ၏ဘုရား၊ငါကိုးစားသော အစွမ်းသတ္တိ၊ငါ၏အကွယ်အကာ၊ ငါ့ကို ကယ်တင်သောဦးချို၊ငါ၏ရဲတိုက်ဖြစ်တော်မူ၏။

နှုတ်ကပတ်တော်သမ္မာကျမ်းစာထဲတွင် ရဲစွမ်းသတ္တိရှိသောသူများစွာရှိပါသည်။ ဒါဝိဒ်၏ ဂေါလျက်ကိုရင်ဆိုင်ရဲသော ရဲရဲတောက်သတ္တိ၊ ဂိဒေါင်၏ ရဲစွမ်းသတ္တိ၊ မောရှေ၏ဦးဆောင်နိုင်မှုသတ္တိတို့သည် ထင်ရှားလှပါသည်။

ထိုသူများထဲတွင် မောရှေ၊ ဂိဒေါင်တို့သည် ကနဦးအစတွင် အလိုအလျောက် ရဲစွမ်းသတ္တိရှိသူများမဟုတ်‌ပေ။ မောရှေ၏အကြောင်းအားဖြင့် ခွန်အားပေးလိုပါသည်။ မောရှေသည် သူ၏နှုတ်သတ္တိအရာတွင် အားနည်းသူဖြစ်သည်ဟု ဘုရားသခင်အားပြောပါသည်။ ထို့ကြောင့် ဘုရားသခင်က“လူ၏နှုတ်ကို အဘယ်သူဖန်ဆင်းသနည်း။စကားအသောသူ၊နားပင်းသောသူတို့ကို အဘယ်သူဖန်ဆင်းသနည်း။ငါဘုရားသခင်ဖန်ဆင်းသည်မဟုတ်လော။ သင်၏နှုတ်၌ငါရှိ၍၊ အဘယ်သို့ပြန်ပြောရမည်ကို သွန်သင်မည်”ဟုမောရှေအားပြောပါသည်။ သို့သော်မောရှေက ကိုယ်တော်အလိုတော်ရှိသောသူကိုသာ လုပ်ခိုင်းပါဟုပြောပါသည်။ ထို့နောက်ဘုရားသခင်သည် အမျက်တော်ထွက်ပြီး သူ၏စကားပြန်အဖြစ် အာရုန်ကို လုပ်ခိုင်းလိုက်ပါသည်။ သို့သော် မောရှေသည်နောက်ပိုင်းတွင် ရဲစွမ်းသတ္တိရှိသောသူအဖြစ် က္ကသရေလူခြောက်သိန်းကို အဲဂုတ္တုပြည်မှ ကယ်ထုတ်နိုင်ခဲ့ပါသည်။ ထို့ကြောင့်မည်မျှပင် အားနည်းသူဖြစ်လင့်ကစား၊ ဘုရားသခင်၏ရွေးကောက်ခြင်းခံရပါက ရဲစွမ်းသတ္တိရှိသောသူအဖြစ်သို့ ပြောင်းလဲစေမည်ဖြစ်ပါသည်။

ဖလားဆဲ