မှန်ကန်သောပေးလှူခြင်း
3.2.2022(Thursday)
မဿဲ ၆:၂“ထို့ကြောင့်သင်သည် အလှူဒါနကိုပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူအများချီးမွမ်းခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူ မပြုနှင့်။ ငါအမှန်ဆိုသည်ကား ထိုသူတို့သည် မိမိတို့အကျိုးကိုရကြပြီ”
ပေးလှူခြင်းသည် အင်မတန်မှ မွန်မြတ်သောအရာတစ်ခုဖြစ်သည်။ နှုတ်ကပတ်တော်သမ္မာကျမ်းစာထဲမှာတော့ ဘုရားသခင်သည် ပေးလှူခြင်းနှင့်ပတ်သတ်ပြီး အသေအချာ သတိပြုရမည့်အရာများကို ပြောခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။
မှန်ကန်သောပေးလှူခြင်းနှင့်မှားယွင်းသောပေးလှူခြင်းများကို အသေအချာဝေခွဲနိုင်ဖို့ရန် သွန်သင်ပေးခဲ့ပါသည်။ သခင်ယေရှုသည် ငွေရတတ်သောသူများ၏ပေးလှူခြင်းနှင့် မုဆိုးမ၏ဒင်္ဂါးနှစ်ပြားပေးလှူခြင်းကို သေချာနှိုင်းယှဉ်ပြီး မှန်ကန်သောပေးလှူခြင်းဆီကို လမ်းညွှန်ပေးခဲ့ပါသည်။ မှန်ကန်သောပေးလှူခြင်းဖြစ်ဖို့ရန်လိုက်နာရမည်အချက်များကိုဖော်ပြလိုပါသည်။
(၁)ထင်ပေါ်ကျော်ကြားလိုသောစိတ်ဖြင့် အလှူငွေကိုပေးလှူခြင်းမပြုရန်
(၂)ကောင်းစားသည့်အတိုင်း အလှူငွေကို ပေးလှူရန်
(၃)ကောင်းစားသည့်အတိုင်းလိုအပ်သောသူကို လှူဒါန်းပြီး ဆင်းရဲချမ်းသာမရွေး အညီအမျှဖြစ်စေရန်
(၄)နှမြောသောစိတ်ဖြင့်မပေးလှူဘဲ စေတနာစိတ်ဖြင့် လှူဒါန်းရန်တို့ဖြစ်ပါသည်။
မှန်ကန်သောပေးလှူခြင်းများအားဖြင့် အမှုတော်မြတ်တွင် သာ၍ပေးလှူကြကုန်အံ့။
ဖလားဆဲ
References>>>ရာမာန်မိုး(မေတ္တာတမန်)