မကြောက်နှင့်၊မစိုးရိမ်နှင့်
31.1.2022(Monday)
၂တိ ၁:၇” အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သောစိတ်သဘောကို ငါတို့အားပေးတော်မူသည်မဟုတ်။ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသော၏စိတ်သဘောကို ပေးတော်မူ၏”
မကြောက်နှင့်ဟူသော စကားလေးသည် ကျွန်တော်တို့နှင့်မစိမ်းသောစကားလုံးလေးတစ်လုံးဖြစ်ပါသည်။ သို့သော် တခါတရံအရေးအကြောင်းကြုံလာသောအခါ လူသားအနေဖြင့်ကြောက်ကြရပါသည်။
ကြောက်ခြင်းဟုပြောသည့်အခါတွင် နှစ်မျိုးရှိပါသည်။ မှန်ကန်သောကြောက်ခြင်းနှင့်မှားယွင်းသောကြောက်ခြင်းဟူ၍ ရှိပါသည်။ ဥပမာအနေဖြင့်-ဓါတ်လိုက်ခြင်း၊ ရေမကူးတတ်၍ ရေနစ်မှာကြောက်ခြင်းတို့ဖြစ်ပါသည်။ ဗို့အားများစွာ လျှပ်စစ်စီးနေသော ဓါတ်ကြိုးကို သွားကိုင်ပါက တခနအတွင်း ဓါတ်လိုက်သေဆုံးသွားနိုင်ပါသည်။ မည်သူမဆို ဓါတ်စီးနေသောကြိုးကို ကိုင်ရမည်ကို ကြောက်ကြမည်ဖြစ်သည်။သခင်ယေရှုနှင့်အတူရှိသော တပည့်တော်များသည်လည်း ပင်လယ်ထဲလေပြင်းမုန်တိုင်းနှင့် ရင်ဆိုင်ရသောအခါ အသက်သေမည်ကို ကြောက်ခဲ့ကြပါသည်။ ထို့နောက်သခင်ယေရှုသည် မုန်တိုင်းကို ငြိမ်းစေခဲ့ပါသည်။ တချိန်က အင်္ဂလန်နိုင်ငံမှ အာဆင်နယ်အသင်း၏ တိုက်စစ်မှူးဖြစ်သော ဒင်းနစ်ဘားကမ့်အကြောင်းကို ဖော်ပြလိုပါသည်။ သူသည် လေယာဉ်စီးရမှာကို သေမတတ်ကြောက်သောသူဖြစ်ပါသတဲ့။ အများအားဖြင့် သူသည် ကားစီးပြီးသာသွားပါသည်။ မဖြစ်မနေ လေယာဉ်စီးရသည့်အခါတွင် မျက်နှာဖြူဖတ်ဖြူရော်သွေးပျက်နေလေ့ရှိပါသည်။ ထိုအတူဘဲ ကျွန်တော်တို့သည်လည်းကြောက်ခြင်းအကြောင်းကို စဉ်းစားပါက ပိုကြောက်စရာများသာရှိပါသည်။ သိုသော်နှုတ်ကပတ်တော်သမ္မာကျမ်းစာမှ ဘုရားသခင်၏ဂတိတော်ရှိပါသည်။ မကြောက်နှင့်၊ မစိုးရိမ်နှင့်ဟူသော ဂတိစကားဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်တော်တို့၏ ထွက်ခြင်းနှင့်ဝင်ခြင်းကို သိမှတ်တော်မူပါသည်။ ထို့ကြောင့် ဘုရားသခင်၏လက်တော်ကို ဆုပ်ကိုင်ပြီး ကြုံလာသမျှကြောက်ရွံ့စရာများကို ရင်ဆိုင်ကျော်ဖြတ်ကြရအောင်။
ဖလားဆဲ