ပို့ဆောင်တော်မူသော ကျေးဇူးတော်
31.12.2021(Friday)
ဆာလံကျမ်း ၄၈:၁၄“အကြောင်းမူကား၊ထိုဘုရားသခင်သည် ကာလအစဉ်အမြဲ ငါတို့၏ ဘုရားသခင်ဖြစ်တော်မူ၏။ သေသည့်တိုင်အောင် ငါတို့ကိုပို့ဆောင်တော်မူလတံ့သတည်း”
အံဩဘွယ်ရာပင်ဖြစ်ပေသည်။ ကျေးဇူးတော်ကြောင့် ၂၀၂၁ခုနှစ်၏ နောက်ဆုံးလ၊ နောက်ဆုံးရက်သို့ ရောက်ရှိလာခဲ့ပါပြီး။ Januaryမှ Decemberအထိ အသက်ရှင်ရခြင်းအခွင့်သည်ကျေးဇူးတော်ကြောင့်ပင်ဖြစ်သည်။
က္ကသရေလလူမျိုးများသည် အဲဂုတ္တုပြည်မှ ခါနာန်ပြည်သို့ဝင်ရောက်နိင်ဖို့ရန် နှစ်ပေါင်းများစွာ၊ အခက်ခဲ ပေါင်းများစွာဖြတ်ကျော်ခဲ့ရပါသည်။ သို့သော် ယောရှုအားဖြင့် ဘုရားသခင်၏ပို့ဆောင်ပေးခြင်းအားဖြင့်ခါ
နာန်ပြည်သို့ ဝင်စားခွင့်ရခဲ့ပါသည်။ ထိုအတူပဲ ကျွန်တော်တို့သည် ၂၀၂၁ခရီးကို အောင်မြင်စွာလျှောက်လှမ်းနိုင်ခြင်းသည် ဘုရားသခင်၏ ပို့ဆောင်ပေးခြင်းကြောင့်ဖြစ်ပါသည်။ မကြာမှီတွင် ၂၀၂၂၏ စိန်ခေါ်မှုများ၊ အခက်ခဲများသည် စောင့်ကြိုလို့နေပါသည်။ ရှေ့ဆက်လျှောက်လှမ်းကြရုံသာရှိပါ၏။ ဆရာကြီးတစ် ယောက်၏ စကားစုလေးသုံးခုအားဖြင့် ခွန်အားပေးလိုပါသည်။
(၁)Look back <<Count blessing
(၂)Look forward>>Know your blessing
(၃)Look around>>Share your Blessing
အနောက်ကိုပြန်ကြည့်ပြီး ကျေးဇူးတော်တွေကို ရေတွက်ကာ၊ အရှေ့ဆီသို့ကြည့်ပြီး မိမိကောင်းကြီးကိုသိပြီး၊ မိမိပတ်ဝန်းကျင်ရှိလူများကိုကောင်းကြီးမျှဝေပေးသောသူများဖြစ်ရပါမည်။ ထို့ကြောင့် ပို့ဆောင်တော်မူသောဘုရားသခင်၏ကျေးဇူးတော်များကို ပြန်လည်ချီးမွမ်းပြီး ၂၀၂၂ကို စတင်လျှောက်လှမ်းကြစို့။
ဖလားဆဲ