(၁၃) မစိုးရိမ်နှင့်

Share

 ဖိလိပ္ပိ 4:6-7 အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေး‌ဇူးတော် ချီးမွမ်းခြင်းနှင့်တကွဆုတောင်းပဌနာပြုသောအားဖြင့်သင်တို့တောင်းပန် လိုသော အရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ် သူမျှ ကြံစည်၍ မမှီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ် အား ဖြင့် သင်တို့စိတ်နှလုံးတို့ကို စောင်မလိမ့်မည်

ယနေ့ ကျွန်ုပ်တို့နေထိုင်သောကမ္ဘာကြီးသည် စိုးရိမ်မှုများနှင့် ပြည့်နှက်လို့လာသည်ကို တွေ့ရမည်ဖြစ်သည်။ထို့အပြင်နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံသည်လည်း ငြိမ်ချမ်းမှုများ လျော့နည်း လာပြီး စိုးရိမ်စရာများအရေးကိစ္စများသည် ဝန်းရံလို့လာနေပါသည်။ ဆင်းရဲနွမ်းပါးသော နိုင်ငံများသည်လည်း စားဝတ်နေရေးပိုမိုခက်ခဲလာပါသည်။ လောကကြီးထဲ မှီတင်းနေထိုင် ကြသော လူသားများ ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် စိုးရိမ်စရာအမှုများနှင့် ကင်းလွှတ်၍ နေလို့ရမည်မဟုတ်ပေ။သမ္မာ ကျမ်းစာထဲ တမန်တော်ဝတ္ထုထဲတွင် ကနဦးယုံကြည်သူများသည် စုံစမ်းခြင်းများ နှိပ်စက်ခြင်းများ ရိုက်နှက်ခြင်းများကြုံတွေ့ခဲ့ကြရပါသည်။ သို့သော် ကနဦး ယုံကြည်သူများသည် ဆုတောင်းခြင်း ဂုဏ်တော်ချီးမွမ်းခြင်းများအားဖြင့် အခက်ခဲများကို အောင်မြင်စွာကျော်ဖြတ်ခဲ့ကြပါသည်။ မည်သို့ သော စိုးရိမ်ခြင်းအမှုများနှင့် ရင်ဆိုင်ရစေကာမူ ဘုရားပေးသောငြိမ်သက်ခြင်းအားဖြင့် ရင်ဆိုင် နိုင်ခဲ့ကြပါသည်။ ထို့ကြောင့် ဘုရားသခင် သာ လျှင် ကျွန်ုပ်တို့၏ မျှော်လင့်ရာ ယုံကြည်ရာ အားကိုးရာ ဖြစ်ပါသည်။ ဖိလိပ္ပိ ၄:၆-၇ တွင် ဖော်ပြထားသလို ကျွန်ုပ်တို့သည် စိုးရိမ်အမှုများနှင့် ရင်ဆိုင် ကြုံတွေ့ရသော အချိန်မျိုးတွင် ပထမ အချက်အနေဖြင့်……

(၁) စိုးရိမ်စရာအမှုကို သခင်ဘုရားလက်တော်ထဲ အပ်နှံရမည်ဖြစ်သည်။

(၂) ဘယ်အရာမျိုးနှင့်ကြုံတွေ့စေကာမူ ဘုရား၏ကျေးဇူးတော်များကို ချီးမွမ်းရမည်ဖြစ်သည်။

( ၃) လွန်ကျူးမိသောအပြစ်များကို ဝန်ချတောင်းပန်ရပါမည်။

ထိုအချက်သုံးချက်အားဖြင့် အသက်ရှင်လျှောက်လှမ်းပါက လူတွေကြံစည်၍မမှီနိုင်တဲ့ ဘုရားသခင်ပေးသောငြိမ်သက်ခြင်းအားဖြင့် စိုးရိမ်ခြင်းအမှုအရာများကို ကျော်လွှားနိုင်မည် ဖြစ်သည်။ ထို့ကြောင့် လျှောက်လှမ်းရမည့်နေ့ရက်များ မည်မျှပင် စိုးရိမ်စရာများ အမှုများ ရှိနေကာမူ ဘုရား သခင်နှင့်အတူလျှောက်လှမ်းကြပါစို့။