ခရစ္စမတ်၏အဓိပ္ပါယ်
20.12.2021(Monday)
လုကာ ၂:၁၁“ယနေ့တွင် ဒါဝိဒ်မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်တော်မူသောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကိုခံတော်မူပြီ။”
ဘုရားသခင်၏ကျေးဇူးတော်ကြောင့် တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်သောဒီဇင်ဘာလထဲသို့ ဝင်ရောက်လာပြီးဖြစ်သည်။ ၂၀၂၁ခုနှစ် ဇန်နဝါရီလမှ ယခုအချိန်အထိ တိုင်အောင်ကျွန်တော်တို့သည် ရုန်းကန်လှုပ်ရှားသွားလာရင်း ပျော်ရွှင်ကြည်နူးစရာများ ကြေကွဲဝမ်းနည်းမှုများလည်း ဖြတ်ကျော်ခဲ့ရပါသည်။ မျက်စိတစ်မှိတ်အတွင်း အရာအားလုံးဖြစ်ပျက်ပြောင်းလဲနေသော်လည်းဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ကျွန်တော်တို့၏အပေါ်တွင် လျော့နည်းသွားခြင်းမရှိပေ။ ဒီဇင်ဘာလ၏ အငွေ့အသက်ဖြစ်သော အေးမြသောလေပြည်လေညင်းများသည် ကျွန်တော်တို့ကို စောင့်ကြိုလို့နေပါသည်။
ကျွန်တော်သည် ငယ်ရွယ်စဉ်အခါခရစ္စမတ်၏အဓိပ္ပါယ်ကို သေသေချာချာ၊ ဂဃနဏ မသိရှိခဲ့ပါ။ ပျှော်ပွဲရွှင်ပွဲဟုသာ သတ်မှတ်ခဲ့ပါသည်။သို့သော်ခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံပြီးနောက်ပိုင်းတွင် ဝမ်းမြောက်ဖွယ်ရာ ခရစ္စမတ်၏အဓိပ္ပါယ်ကို သိရှိလာခဲ့ပါသည်။ ခရစ္စမတ်၏အဓိပ္ပါယ်မှာ ကယ်တင်ရှင်ယေရှုခရစ်တော် ဤလောကသို့ကြွဆင်းလာခြင်းသည် လောကလူသားတိုင်းကယ်တင်ခြင်းရရှိဖို့ရန်ဖြစ်သည်။ ကယ်တင်ရှင်မေရှိယမွေးဖွားလာမည့်အကြောင်းကို ပရောဖတ်များကလည်း ကြိုတင်ဟောပြောခဲ့ကြပါသည်။ သခင်ယေရှုမွေးဖွားလားခြင်းသည် ယုဒလူမျိုးများအတွက်သာမက လူသားတိုင်းအား အပ္ပာယ်ငရဲမှ ကယ်တင်ခြင်းရရှိစေဖို့ရန် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့သည်ခရစ်စ္စမက်၏အဓိပ္ပါယ်ကို သိရှိခြင်းနဲ့အတူ အခြားသူများအားလည်း ပြန်လည်ဝေငှကြပါစို့။
ဖလားဆဲ