လမ်းပြကြယ်
15.12.2021(Wednesday)
မဿဲ ၂:၂“ယခုဘွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာရှိတော်မူသနည်း။အရှေ့ပြည်၌ သူ၏ကြယ်ကိုညငါတို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီးဟု မေးမြန်းပြောဆိုကြ၏”
ဘုရားဖန်ဆင်းထားသောအံဩဘွယ် လက်ရာများထဲတွင် ကြယ်လည်းတစ်ခုအပါအဝင်ဖြစ်သည်။ တစ်ခါတရံကြယ်ကြွေသောဖြစ်စဉ်များကို ကျွန်တော်တို့တွေ့ဖူးကြမည်ဖြစ်သည်။ပညာရှင်တစ်ယောက်က ကြယ်ကြွေသည်မဟုတ်ဘဲ အာကာသအတွင်းမှ ဥက္ကာခဲအမှုန်များနှင့် ကမ္ဘာလေထုတို့ ပွတ်တိုက်ရာမှ ထွက်ပေါ်လာသောအလင်းများဖြစ်သည်ဟု ဆိုပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ကြယ်၏လှပမှု၊ အလင်းတန်းများသည် အင်မတန်မှ သူနေရာနှင့်သူလှပလို့နေပါသည်။
ရှင်မဿဲခရစ်ဝင်ခန်းကြီးနှစ်တွင်လည်း အရှေ့ပြည်မှ မာကုပညာရှိများသည် ယုဒပြည်၏ရှင်ဘုရင်အသစ်ကို ဖူးမြော်ရန် အရင်ဆုံးဖာရောဘုရင်ရှိရာ နန်းတော်သို့ရောက်လာခဲ့ပါသည်။သို့သော် သူတို့မြင်တွေ့ချင်သော ရှင်ဘုရင်ကို မတွေ့မြင်ရသောကြောင့် ကြယ်ကြီးတစ်လုံး၏လမ်းပြမှုဖြင့် ယေရှုခရစ်တော်ဖွားမြင်ရာ ယုဒပြည် ဗက်လင်မြို့သို့ရောက်ရှိနိုင်ခဲ့ပါသည်။ မာကုပညာရှိကြီးများသည် ကြယ်ကြီး၏ လမ်းပြမှုကို မနာခံဘဲ သူတို့၏အစီအစဉ်အတိုင်းသွားပါက ယုဒရှင်ဘုရင်ကို ဖူးမြော်ရမည်မဟုတ်ပေ။ လမ်းပြကြယ်ကြောင့်သာ ဖြစ်ပါသည်။ ဘုရားသခင်သည် လမ်းပြကြယ်အားဖြင့်၊ သူငယ်တော်ရှိရာအရပ်ကို လမ်းပြပေးခဲ့ပါသည်။ထိုအတူပဲ ကျွန်တော်တို့၏ ဘဝအသက်တာတွင်လည်း လမ်းပြကြယ်တည်းဟူသော ဘုရားသခင်၏လမ်းပြမှုအားဖြင့်သာ လိုရာခရီးကို ရောက်နိုင်မည်ဖြစ်သည်။ နေ့ရက်တိုင်းထိုသခင်၏ လမ်းပြမှုအတိုင်းလျှောက်လှမ်းကြရအောင်။
ဖလားဆဲ