အသုံးခံလိုခြင်းတစ်ခုသာ

Share

အသုံးခံလိုခြင်းတစ်ခုသာ
13.12.2021(Monday)

လုကာ ၂:၇“ သားဦးကိုဘွားမြင်၍ အဝတ်နှင့်ပတ်ရစ်ပြီးမှ၊ဧည့်သည်တည်းရာစရပ်၌ သူတို့နေရာမရှိသောကြောင့်၊ သူငယ်ကိုနွားစားခွက်၌သိပ်ထားလေ၏”

လောကလူသားတို့ ဖန်တီးထားသောအရာများသည် သူနေရာနှင့်သူအံဝင်ခွင်ကျဖြစ်မှသာ အဆင်ပြေမည်ဖြစ်သည်။ ဥပမာအနေဖြင့်-ဖုန်းတစ်လုံးအတွက်မရှိမဖြစ်အရာသည် အားသွင်းကြိုးဖြစ်ပါ၏။အားသွင်းကြိုးမရှိပါက ဖုန်းသည် အားမရှိတော့ဘဲ အသုံးပြုလို့ရ‌တော့မည်မဟုတ်ပေ။ အရာအားလုံးသည် သူ့နေရာနှင့်သူအသုံးဝင်လို့နေပေသည်။
သခင်ယေရှုမွေးဖွားလာခြင်းဖြစ်စဉ်ကိုလေ့လာသည့်အခါတွင်လည်း မယ်တော်မာရိ၊ ယောသပ်၊ ကောင်းကင်တမန်များ၊ နွားစားခွက်၊ သိုးထိန်းများ၊ မာကုပညာရှိများသည် သူနေရာနှင့်သူ အသုံးခံခဲ့ကြပါသည်။ သခင်ယေရှုမွေးဖွားလာခြင်းသည် မင်းမြောက်တန်ဆာဖြင့် နန်းတော်တွင်မမွေးဖွားဘဲ နှိမ့်ချစွာဖြင့် မွေးဖွားလာခဲ့ပါသည်။ အားလုံးထဲတွင် ကျွန်တော်စိတ်ဝင်စားဆုံးအချက်မှာ မွေးဖွားပြီးနောက် နွားစားခွက်ထဲတွင် သိပ်ထားသည်ဟုဖော်ပြထားပါသည်။ ထုံးစံအတိုင်း နွားစားခွက်ဆိုသည့်အတိုင်း အနံ့အသက်အရလည်းကောင်း၊ ပတ်ဝန်းအခြေအနေအရသော်လည်းကောင်း အရမ်းအဆင်ပြေမည်တော့မဟုတ်ပေ။ သို့သော် သခင်ယေရှုမွေးဖွားခြင်းဖြစ်စဉ်တွင် နွားစားခွက်ငယ်လေးသည် အသုံးဝင်ခဲ့ပါသည်။မည်မျှပင် လူအများဖယ်ကျဉ်ထားသောအငယ် ဆုံးအရာ လေးဖြစ်စေကာမူ၊ အသုံးဝင်လို့နေပါသည်။ ထိုအတူပဲ ကျွန်တော်တို့သည်လည်း မိမိ၌ဘုရားပေးထားသော အရည်အချင်းအစွမ်းအစများအားဖြင့် အသုံးခံကြရအောင်။
ဖလားဆဲ