စစ်မှန်သောဝမ်းမြောက်ခြင်း
5.12.2021(Sunday)
ရှင်လုကာ ၂:၁၄ “ကောင်းကင်ဘဝဂ်ဝယ်ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်းည်းမြေကြီးပေါ်၌ ငြိမ်သက်ခြင်း ရှိစေသတည်း။လူတို့အား မေတ္တာကရုဏာရှိစေသတည်းဟုဘုရားသခင်ကိုချီးမွမ်း၍မြွက်ဆိုကြ၏။”
ခရစ်စ္စမက်ကာလရောက်သည့်အခါတိုင်းနိုင်ငံအသီးသီးတွင် ပျော်ပွဲရွှင်ပွဲများ၊ပြင်ဆင်မှုများလုပ်၍ ခရစ်တော်မွေးနေ့ကိုကြိုဆိုကြပါသည်။အကြောင်းရင်းမှာ ခရစ်တော်မွေးနေ့ကိုအထိမ်းအမှတ်ပြုပြီး ကျင်းပကြပါသည်။ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့အများအားဖြင့် ဒီဇင်ဘာလ(၂၅)ရက်နေ့တွင်ကျင်းပကြပါသည်။
ခရစ်စ္စမက်ချိန်ခါတွင် စစ်မှန်သောဝမ်းမြောက်ခြင်းရရှိမှသာလျှင်အခြားသူများအားလည်း ဝမ်းမြောက်စေနိုင်မည်ဖြစ်သည်။ ဆရာကြီး David O.McKayကတော့“စစ်မှန်သောဝမ်းမြောက်ခြင်းဟာ မိမိလည်းဝမ်းမြောက်သလို တပါးသူများလည်း ဝမ်းမြောက်စေခြင်းဖြစ်တယ်”ဟူ၍ပြောခဲ့ပါသည်။ ရှင်လုကာ အခန်းကြီး ၁-၂တွင် သခင်ယေရှုမွေးဖွားလာခြင်းအတွက်ကြောင့် စစ်မှန်သောဝမ်းမြောက်ခြင်းများခံစားရရှိသူများကို ဖော်ပြထားပါသည်။ ထိုသူများမှာ..
(၁)ကောင်းကင်တမန်များ၏ဝမ်းမြောက်ခြင်း
(၂)သိုးထိန်းများ၏ဝမ်းမြောက်ခြင်း
(၃)မာကုပညာရှိများ၏ဝမ်းမြောက်ခြင်းတို့ဖြစ်သည်။
ကောင်းကင်တမန်များကတော့ ဂုဏ်တော်သီကျူးခြင်း၊ သိုးထိန်းများက သူငယ်တော်အားသွားရောက်ဖူးမြော်ခြင်း၊ မာကုပညာရှိများက လက်ဆောင်ဘဏ္ဍများဖြင့်ဆက်သ၍ဝမ်းမြောက်ခဲ့ကြပါသည်။ ထိုအတူပဲ ကျွန်တော်တို့သည်လည်း မိမိကိုယ်တိုင်ဝမ်းမြောက်သလို တပါးသူများအားလည်း ပျော်ရွှင်ဝမ်းမြောက်စေခြင်းအားဖြင့် ခရစ်တော်မွေးနေ့ကိုကြိုဆိုကြပါစို့။
ဖလားဆဲ