သီဆိုကျူးဧကြစို့
4.12.2021(Saturday)
လုကာ ၂:၁၀-၁၁“လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်စရာသတင်းကောင်းကိုငါသည် သင်တို့အားကြားပြောရ၏။ ယနေ့တွင်ဒါဝိဒ်မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလို့ဌာ၊ ဖွားမြင်ခြင်းကို ခံတော်မူပြီး”
ခရစ်စ္စမက်ချိန်ခါတွင်ကျွန်တော်တို့သည်ယခင်ကCoral သီချင်းများကိုကြားကြရပါသည်။ ယခုတော့ covid-19ကပ်ရောဂါဆိုးကြောင့် နေရာအနှံ့မကြားရတော့ပေ။ သို့သော် ဆိုရှယ်မီဒီယာများမှ သီချင်းလွှင့်ခြင်းများကို ကြားရပါသေးသည်။ ကျေးဇူးတော်ချီးမွမ်းစရာပင်ဖြစ်သည်။
အခြေအနေတွေကတော့ အမျိုးမျိုးပြောင်းလဲမှု တွေရှိသော်ငြားလည်း မပြောင်းမလဲသောသတင်းစကားတစ်ခုမှာ သခင်ယေရှုသည် လူ့ဇာတိကိုခံကာ မွေးဖွားလာခြင်းဖြစ်ပါသည်။ လူသားများအားလုံးအတွက်အံဩဘွယ်ရာ၊ ဝမ်းမြောက်ဘွယ်ရာသတင်းစကားတစ်ခုပင်ဖြစ်သည်။ ကောင်းကင်တမန်များသည် သတင်းကောင်းကိုအရင်ဦးဆုံး သိုးထိန်းများထံယူဆောင်လာခဲ့ပါသည်။ သိုးထိန်းများသည်လည်း သွားရောက်ဖူးမြော်ပြီးနောက် လုကာ ၂:၁၇တွင်“မိမိတို့ကြားသောထို သူငယ်၏အကြောင်းစကားကို အနှံ့အပြားပြောကြ၏”ဟုဖော်ပြထားပါသည်။ သက္ကရာဇ် ၁၂၀၀လောက်တွင် ရှင်ဖရန်စစ်နှင့်သူ၏တပည့်များသည် ရှေးဦးစွာ ခရစ်စ္စမက်သီချင်းများသီဆိုချီးမွမ်းကြသူများဖြစ်သည်။ သူတို့၏ချီးမွမ်းသံများသည် ခဲယဉ်းသောသူများအတွက် ဝမ်းမြောက်ခြင်းများခံစားရရှိစေခဲ့သည်။ ထိုအတူပဲ ကျွန်တော်တို့၏အသက်တာထဲတွင်လည်း ကောင်းကင်တမန်များ၊ သိုးထိန်းများ၊ ကနဦးအစေခံပေးဆပ်သူများကဲ့သို့ ဝမ်းမြောက်ဘွယ်ရာသတင်းကောင်းကို သီဆိုကျူးဧကြပါစို့။
ဖလားဆဲ