ခေါင်းဆောင်ကောင်း

Share

ခေါင်းဆောင်ကောင်း

2.12.2021(Thursday)

သုတ္တံကျမ်း ၂၂:၂၉“ဆောင်ရွက်အမှုကိုကြိုးစား၍ပြီးစီးစေတတ်သောသူရှိသလော။ထိုသူသည် သာမညအမှုကိုမဆောင်ရွက်၊ရှင်ဘုရင်၏အမှုတော်ကို ဆောင်ရွက်ရ၏”

နေရာအသီးသီးတွင်ခေါင်းဆောင်ကောင်းများလိုအပ်လို့နေပါသည်။ မြန်မာနိုင်ငံ၏ကနဦးသာသနာပြုများဖြစ်သော ဆရာကြီးယုဒဿန်၊ ဦးနော၊ကိုသာဖြူစသဖြင့် ပေးဆပ်သောခေါင်းဆောင်များ၏ပေးဆပ်မှု၊ စွန်လွှတ်အနစ်နာခံမှုကြောင့် သာသနာတော်သည် အဓွန့်ရှည်တည်တံ့ခြင်းဖြစ်သည်။

ထိုအတူပဲ သမ္မာကျမ်းစာထဲတွင်လည်း မောရှေ၊ဒါဝိဒ်၊ နေဟမိ၊ ရှင်ပေတရု၊ ရှင်ပေါလုတို့၏ ခေါင်းဆောင်မှုစွမ်းရည်များကို တွေ့မြင်ရမည်ဖြစ်သည်။ ခေါင်းဆောင်ကောင်းတစ်ယောက်၏ ဦးဆောင်မှုကောင်းပါက နောင်လာနောင်သားများအတွက်အကျိုးများစွာဖြစ်ထွန်းစေပါသည်။ ကြီးမြတ်သောခေါင်းဆောင်ကောင်းများသည်မိမိ၏ပတ်ဝန်းကျင်ရှိလူများအား အခွင့်အလမ်းများဖန်တီးပေးသောသူများဖြစ်သည်။ စာရေးသူဖတ်ဖူးသော ခေါင်းဆောင်မှုစာအုပ်ထဲမှ အနည်းငယ်ကောက်နုတ်ဖော်ပြလိုပါ၏။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ရန်မှာ (SoS)ဟူသောအချက်(၃)ခုလိုပါ၏။ထို(၃)ချက်ကတော့…

(၁)Self (ကိုယ့်ကိုယ်ကိုယ်သိနားလည်မှုလိုပါသည်)

(၂)Other(တခြားသူတွေကိုနားလည်သဘောပေါက်ရပါမည်

(၃) Situation (အခြေအနေနဲ့ ပတ်ဝန်းကျင်ကိုနားလည်သဘောပေါက်ခြင်း)

ထို့ကြောင့် မိမိ၏အသင်းတော်၊ အိမ်ထောင်မိသားစု၊အလုပ်ခွင်များတွင် သူတပါးယုံကြည်လေးစားရသော ခေါင်းဆောင်ကောင်းများအဖြစ် ဘုရားဘုန်းတော်ထင်ရှားစေကြစို့။

ဖလားဆဲ