Sweet December(ချိုမြိန်သာယာသောဒီဇင်ဘာ)
1.12.2021(Wednesday)
မဿဲ ၁:၂၁“သားယောက်ျားကိုဖွားမြင်လိမ့်မည်။ထိုသားသည် မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည့်သူဖြစ်သောကြောင့်၊ ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏”
ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ကျွန်တော်တို့သည် ဤကဲ့သို့ ခရစ်တော်မွေးဖွားရာ လလေးတစ်လဖြစ်သော ဒီဇင်ဘာလသို့ ရောက်ရှိခဲ့လာပါပြီး။ ရှေ့ဦးစွာ “Happy Sweet December”ဟု နုတ်ခွန်းဆက်လိုပါသည်။
၂၀၂၁ခုနှစ်၏ နောက်ဆုံးလအထိ အသက်ရှင်ရခြင်းအခွင့်သည် ကျေးဇူးတော်ချီးမွမ်းစရာပင်ဖြစ်သည်။ တကယ်တော့ ခရစ်စ္စမက်အချိန်ကာလသည် ပျော်ပွဲရွှင်ပွဲတစ်ခုသက်သက်သာမဟုတ်ပေ။ ကျွန်တော်ငယ်ငယ်တုန်းက ခရစ်စ္စမက်အချိန်ရောက်သည့်အခါတိုင်း ပျော်ပွဲရွှင်ပွဲတစ်ခုဟုသာ သတ်မှတ်ခဲ့ပါသည်။ သို့သော် ခရစ်စ္စမက်၏အနက်အဓိပ္ပာယ်သည် အပြစ်ရှိသော လူသားများကို ကယ်တင်ရန် ယေရှုခရစ်တော်ကြွလာခြင်းဖြစ်ပါသည်။ ဝမ်းမြောက်ဘွယ်ရာသတင်းကို ယုံကြည်လက်ခံသောသူတိုင်းသည် အပ္ပာယ်ငရဲမှလွတ်မြောက်ပြီကောင်းကင်ဘုံ၌သခင်ဘုရားနှင့်အတူထာဝရနေရမည်ဖြစ်သည်။ သခင်ယေရှုခရစ်တော်မွေးဖွားလာခြင်းသည် သင်နှင့်ကျွန်ုပ်အတွက်သာမဟုတ်ပါ။ လူသားတိုင်းအတွက်ဖြစ်ပါသည်။ ထိုဝမ်းမြောက်ဘွယ်ရားသတင်းကောင်းသည် ကျွန်တော်တို့၏ မျှော်လင့်ချက်၊ အသက်ရှင်ရခြင်းအကြောင်းဖြစ်သည်။ ထို့ကြောင့် ခရစ်စ္စမက် အချိန်အခါ သာမညမှာဝမ်းမြောက်ဘွယ်ရာသတင်းကောင်းကို ဆောင်ယူသောသူများအဖြစ်သူတစ်ပါးအား ပြန်လည်ဝေငှကြစို့။
ဖလားဆဲ