စစ်မှန်သောပေးလှုခြင်း
28.11.2021(Sunday)
မဿဲ ၆:၂“ထို့ကြောင့် သင်သည် အလှူဒါနကိုပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူအများချီးမွမ်းကိုခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာတံပိုးခရာမှုတ်စေသည်နည်းတူ မပြုနှင့်။ ငါအမှန်ဆိုသည်ကား ထိုသူတို့သည်မိမိတို့အကျိုးကိုရကြပြီ”
နှုတ်ကပတ်သမ္မာကျမ်းထဲတွင် ပေးလှူခြင်းနဲ့ပတ်သောအကြောင်းအရာများကို ဖော်ပြထားပါသည်။ အရေးကြီးဆုံးအချက်မှာ မိမိပေးလှူသောအရာများသည် စစ်မှန်သောနှလုံးသားဖြင့်ပေးလှူခြင်းဖြစ်မှသာ ဘုရားသခင်သည် လက်ခံတော်မူပါသည်။
ထင်ပေါ်ကျော်ကြားလိုသောစိတ်ဖြင့် အလှူငွေများကို မပေးလှူရန်သတိပေးထားပါသည်။သခင်ယေရှုက တပည့်တော်များတို့အား(when you give)ဟု ပြောဆိုထားသည်။ သင်ပေးခဲ့လျှင်(If you give)ဟုမပြောခဲ့ပါ။ တပည့်တော်များအား အကျိုးတစ်စုံတစ်ရာကိုရယူလိုခြင်းငှါပေးလှူသူများမဖြစ်စေဘဲ စစ်မှန်သော ပေးလှူသောသူများဖြစ်စေဖို့ရန်ဖြစ်သည်။ကျွန်တော်တို့၏ ပေးလှူခြင်းကို ကောင်းကင်ဘုံ၌ရှိသောခမည်းတော် သိရှိကြောင်းကို မဿဲ ၆:၃-၄တွင်ဖော်ပြထားပါသည်။ ပေးလှူခြင်းအမှု၌ အားကြီးသောသူသည် ကောင်းကင်ဘဏ္ဍကိုစုဆောင်းသောသူကဲ့သို့ပင်ဖြစ်ပါသည်။ ၂ကော ၉:၆တွင်“အနည်းငယ်သော မျိုးစေ့ကိုကြဲသောသူသည် စပါးအနည်းငယ်သာရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်”ဟု ထပ်မံဖော်ထားပါသည်။ ပေးလှူခြင်းသည် မိမိ၏ ပိုင်ဆိုင်မှုထဲမှ ပွန်းပဲ့သွားခြင်းဖြစ်သည့်အတွက်ကြောင့် စွန့်ကြဲတတ်သောစိတ်ရှိမှသာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ယနေ့အမှုတော်မြတ်တွင် သာသနာကွင်းများ၊ အားနည်းသောအသင်းတော်များ၊ ဝမ်းစာအတွက်ရုန်းကန်နေရသော အမှုတော်ဆောင်များအား ပေးလှူဖို့ရန် များစွာလိုအပ်လို့နေပါသည်။ ထို့ကြောင့် မိမိရှိသည့်နေရာမှ ပေးလှူခြင်းအမှု၌ အားကြီးသောသူများဖြစ်ကြပါစို့ဟု တိုက်တွန်းလိုပါသည်။
ဖလားဆဲ