သင်၌ရှိသောအစွမ်းအစ
17.11.2021(Wednesday)
၁ကော ၁၅:၃၈“ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်းကိုယ်ကိုပေးတော်မူ၏။မျိုးစေ့အသီးသီးတို့အားလည်း မိမိတို့မျိုးအတိုင်း ကိုယ်ကိုပေးတော်မူ၏”
တစ်ခါက နယူးယောက်မြို့ရှိ နာမည်ကျော်ခရစ်ယာန်ဓမ္မဆရာကြီး ဒေါက်တာနော်မန်ဗင်းဆင့် သည်လမ်းလျှောက်ထွက်လာရင်း သန့်ရှင်းရေးအလုပ်သမားလေးတစ် ယောက်နှင့်ဆုံပါသည်။ ထိုလူငယ်လေးနှင့်သူသည်အတော်အသင့်ရင်းနှီးသူဖြစ်သည်။ သူက“ဘယ်လိုလဲ ဒီနေ့အဆင်ပြေနေကောင်းရဲ့လား”ဟုမေးသည်။ ထိုအခါလူငယ်လေးက“မြင်တဲ့အတိုင်းပဲ ဆရာ….ဘာအလုပ်မှမဖြစ်မြောက်လာပါဘူး”ဟု အားလျော့သောလေသံဖြင့် ပြန်ပြောသည်။ ထို့နောက်“ဒါဆို…မောင်ရင်က ဘာဖြစ်ချင်တာလဲ”ဟု မေးသည်။ “ဘာမှလည်းမဖြစ်ချင်ပါဘူး..ဆရာ”ဟုလူငယ်က ပြန်ဖြေသည်။ “ဘယ်အလုပ်က မောင်ရင်အတွက် အကျွမ်းအကျင်ဆုံးလဲ”ဟု ဆရာကထပ်မေးသည်။ လူငယ်က ခေါင်းသာတွင်တွင်ခါပါသည်။ “ဒါဆို ..မောင်ရင် ဒီည ပြန်စဉ်းစားပါ၊ မောင်ရင်အတွက် အကျွမ်းကျင်ဆုံးနဲ့ အပျော်ရွှင်ဆုံးလုပ်ရတဲ့အလုပ်ကို သိရင် စာအုပ်မှာရေးချပါ”ဟု ဒေါက်တာပီးလ်က ပြောလိုက်ပါသည်။ ထိုညတွင် လူငယ်လေးသည် သူ၏ အကျွမ်းကျင်ဆုံးမှာ စက်ပစွည်းကိရိယာများတပ်ဆင်ခြင်းဖြစ်သည်ကို သိလာခဲ့သည်။ အချုပ်အားဖြင့် ပြောရလျှင် သူသည် နောက်ဆုံး စက်ပစွည်းကုမ္မဏီပိုင်ရှင်ဖြစ်လာခဲ့ပါသည်။ ထိုနည်းတူစွာ ကျွန်တော်တို့၏အစွမ်းအစများသည် ဘုရားပေးထားသောကြောင့် အကောင်းဆုံးလုပ်ဆောင်မှသာ အောင်မြင်ခြင်းကိုရရှိမည်ဖြစ်သည်။
ဖလားဆဲ