(၉၆) သခင်ယေရှု၏အစာရှောင်ခြင်း

Share

ရှင်မဿဲ ၄:၂ ယေရှုသည် အရက်လေးဆယ်ပတ်လုံး အစာအဟာရကို မသုံး ဆောင်ဘဲနေပြီးမှ မွတ်သိပ်ခြင်းသို့ရောက်တော်မူ၏

သခင်ယေရှုသည်အမှုတော်မြတ်ကို မထမ်းဆောင်မှီတွင် အစာရှောင်ခြင်းအမှု‌ကို ရှေ့ဦးစွာလုပ်ဆောင်ခဲ့ပါသည်။ရက်လေးဆယ်ပတ်လုံးအစာ‌ ရှောင်ပြီးနောက် သခင်ယေရှု သည် ဆာလောင် မွတ်သိပ်ခြင်းဖြစ်လာသောအခါ စာတန်မာနတ်သည် စုံစမ်းခြင်း (၃)မျိုး ဖြင့် စုံစမ်းခဲ့ပါသည်။ ကျောက်ခဲမှ မုန့်ဖြစ်စေခြင်း၊ ဗိမာန်တော်အထွဋ်မှ ခုန်ချခိုင်းခြင်း၊ စည်းစိမ်အားဖြင့်သွေးဆောင်ခြင်းများဖြစ်သည်။ သို့သော်သခင်ယေရှုသည် ဝိညာဉ် တန်ခိုးဖြင့် စုံစမ်းသွေးဆောင်ခြင်းများကို အောင်မြင်ခဲ့ပါသည်။ ထိုနောက် သခင်ယေရှု သည် ဝိညာဉ်တန်ခိုးဖြင့် အံဩဘွယ်ရာအမှုများ လုပ်ဆောင်ခဲ့ပါသည်။ နာမကျန်းသူများ၊ ဝတ်ရူးပြန်များ၊ နတ်ဆိုးပူးသူများ၊ မျက်စိမမြင်သူများ၊ နူနာစွဲသူများကို ပျောက်ကင်းစေ ခဲ့ပါသည်။ ‌ကျွန်တော်တို့သတိပြုရမည့်အချက်မှာ ဤအမှုအရာများမလုပ်ဆောင်မှီ သခင် ယေရှုအစပြုသောအရာမှာ “အစာရှောင်ခြင်း”ဖြစ်သည်။ အစာရှောင်ဆုတောင်းခြင်းသည် ကျွန်တော်တို့ မလွတ်မြောက်နိုင်သော အရာအမျိုးမျိုးမှ လွတ်မြောက်စေမည်ဖြစ်သည်။ အစာရှောင်ဆုတောင်းခြင်းအားဖြင့် ဝိညာဉ်ခွန်အားပြည့်ဝလာမည်ဖြစ်သည်။ အပြစ် ဒုစရိုက် အမျိုးမျိုးကို ဖယ်ရှား အံဩဘွယ်ရာများတွေ့ရှိလာမည်ဖြစ်သည်။ မိမိ၏ ဝန်ထုပ်များကို အစာရှောင်ဆုတောင်းခြင်းဖြင့် ကျော်ဖြတ်ကြပါစို့ဟု အားပေးလိုပါသည်။