ယေရမိ ၃၃:၃”ငါ့ကိုခေါ်လော့။ငါထူးမည်။ကြီးသောအရာ။ သင်မသိနိုင်အောင် နက်နဲသောအရာကိုငါပြမည်”
ဘုရားသခင်သည်အံ့ဩဘွယ်သော ဘုရားဖြစ်သည်။ လူတွေကြံစည်၍ မမှီနိုင် သော အရာများကို ဘုရားသခင်သည်တတ်နိုင်ပါသည်။ ကမ္ဘာမြေစကြာဝဌာတစ်ခုလုံးကို ဘုရားသခင်သည်ပိုင်သအုပ်စိုးတော်မူပါသည်။ အံ့ဩဘွယ်သော ဘုရားသခင်၏ လက်ရာ များသည် ပြောလို့ကုန်နိုင်မည်မဟုတ်ပေ။
မောရှေကို ဘုရားသခင်သည် အဲဂုတ္တုပြည်၌ရှိ သောက္ကသရေလလူမျိုးများကို ကယ်တင်ရန်ရွေးကောက်ခဲ့ပါသည်။ ဖါရောဘုရင်၏ စစ်သည်အပေါင်းတို့သည် စစ်ချီလာ သောအခါ က္ကသရေလလူများတို့သည်အင်မတန်မှ ကြောက်လန့်၍ မောရှေကို အပြစ် တင်ကြပါသည်။ ထိုအခါမောရှေက “မစိုးရိမ်ကြနှင့်။ ထာဝရဘုရားသည် အံ့ဩဘွယ် အမှု ကိုပြုတော်မူမည်။ငြိမ်ဝပ်စွာနေကြ” ဟုပြောပါသည်။ ထိုနောက်ဘုရားသခင်သည် မောရှေ အား”သင်မူကားလှံတံကိုချီပြီးလျှင်၊ ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍ ပင်လယ်ရေကိုခွဲ လော့” ဟု မိန့်ဆိုခဲ့ပါသည်။ ဘုရားသခင်မိန့်ဆိုသည့်အတိုင်း မောရှေသည် လုပ်ဆောင် သောအခါ ပင်လယ်သည်နှစ်ခြမ်းကွဲ၍ က္ကသရေလလူများသည် ပင်လယ်အလယ်၌ ကောင်းမွန်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။ ဘုရားသခင်သည် ဣသရေလလူမျိုးများကို အံ့ဩ ဘွယ်ရာအမှုကို ပြင်ဆင်ပေးခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ကိုးကွယ်သော ဘုရား သခင်သည်အံ့ဩဘွယ်သောဘုရား ဖြစ်သည်နှင့်အညီ ကျွန်တော်တို့ မတတ်နိုင်သော အမှုများ အတွက် ဘုရားသခင်ထံခိုလှုံကိုးစားကြပါစို့ဟု အားပေးလိုပါသည်။