(၅)ကလေးများကိုပျိုးထောင်ပါ

Share

ဆာလံကျမ်းဖွားမြင်သော သားသမီးတို့သည်ထာဝရဘုရားဆုချ၍ ပေးသနားတော်မူ သော အမွေဥစွာဖြစ်ကြ၏။ အသက်ပျိုစဉ် ဖွားမြင်သော သားသမီးတို့ သည် စစ်သူရဲ လက်၌ရှိသော မြားကဲ့သို့ဖြစ်ကြ၏။ မိမိမြားတောင့်ကို သူတို့နှင့် ပြည့်စေသောသူသည် မဂ်လာရှိ၏။ သူတို့သည်ရှက်ကြောက်ခြင်းမရှိ။ ရန်သူတို့ကို တံခါးဝ ၌ဆီးတား ကြလိမ့် မည်။

ကလေးအရွယ်သည် အင်မတန်မှ ဖြူစင်သောအရွယ်ဖြစ်ပါသည်။ မုန်းတီးခြင်းတွေ အတ္တတွေ မာန်မာနတွေကို အချိန်အကြာကြီးမထားသော အရွယ်ဖြစ်သည်။ နေရာအသီးသီးတွင် ကလေးများ သည် မတူညီသော ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် ရှင်သန်ကြီးပြင်း လာကြရပါသည်။ အပြစ် ဒုစရိုက်ပေါများလှသော ပတ်ဝန်းကျင် အိမ်ထောင်ရေးအဆင်မပြေသော မိသားစုတွင် ကြီးပြင်း လာသော ကလေးများသည် ငယ်စဉ်ကတည်းကပင် ကြောက်ရွံ့မှု အားငယ်မှုတွေနဲ့ ဘဝကို ရှင်သန် ဖြတ်သန်းကြရပါသည်။ အချို့လည်း မရည်ရွယ်ပဲ သားသမီး‌များရလာသောအခါ တန်ဖိုး မထားဘဲ စွန့်ပစ်ကြပါသည်။အင်မတန်မှ ဝမ်းနည်းဖို့ကောင်းပါသည်။ မိဘများ ရည်ရွယ်သည်ဖြစ် မရည်ရွယ် သည်ဖြစ်စေ  သားသမီးရတနာသည် ဘုရားသခင်ပေးသော အမွေ ဥစ္စာ ဖြစ်ပါသည်။ ကလေး များ သည် ကမ္ဘာကြီး၏ အနာဂတ်များဖြစ်သည်။ ဆိုရိုးစကား တစ်ခုက ဆိုထားသည်မှာ “အစကောင်းမှ အနှောင်းသေချာမည်”ဟူသောစကားရှိပါသည်။ သမ္မာကျမ်းစာ ထဲတွင် ရှမွေလ၏ ဘဝ အသက်တာ ဖြတ်သန်းမှုကို လေ့လာခြင်းအားဖြင့် သိမည် ဖြစ်သည်။ ရှမွေလသည် ငယ်သောအရွယ်ကပင် ဘုရားသခင်ကိုသိသောပညာရှိသောကြောင့် ဘုရားသခင် ၏ ချီးမြောက် ခြင်းကို ခံရပါသည်။ ‌ထို့‌‌ ကြောင့် ခလေးအရွယ်သည် ဘုရားသခင်ကို သိသော ပညာ၌ အုတ်မြစ်တည် မှသာ ရှေ့ဆက် ရမည့် ဘဝခရီးတွင် အန္တရာယ် အစွယ်စွယ်ကို ကျော်ဖြတ် နိုင်မည်ဖြစ်သည်။ သားသမီးများ ပိုင်ဆိုင် ထားသော မိဘများအားအနည်းငယ်‌သော အချက်များ အားဖြင့် ခွန်အား ပေးလိုပါသည်။ မိဘများ အနေဖြင့် မိမိ၏သားသမီးများကို ဘုရား ဘုန်းတော် ထင်ရှား စေသော သားသမီးများဖြစ်စေဖို့ရန်…..

(က)သားသမီးများကို အချိန်ပေးရပါမည်(ခ)ကလေးများရှေ့တွင် ပုံသက်သေကောင်းဖြင့် အသက်ရှင် ပြရပါမည် (ဂ)ကလေးမျာအားအသိအမှတ်ပြုချီးမွမ်းရပါမည် (ဃ) ယုံကြည်ခြင်း ခိုင်ခံ့စေရန် နှုတ်ကပတ်တော်၌ အုတ်မြစ်ချပေးရပါမည်။ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော မိဘများမှ ဆင်းသက်လာသောသားသမီးများသည် ကောင်းကြီးမင်္ဂလာကို ခံစားရမည် ဖြစ်သည်။ ကလေး အရွယ်ကပင် သမ္မာတရား၌အုတ်မြစ်တည်ပါက ကြီးပြင်းလာသော အရွယ် အဆင့်ဆင့်တွင် ဘုရား ဘုန်းတော် ထင်ရှားသော သူများ ဖြစ်လာမည်ဖြစ်သည်။

ဖလားဆဲ