(၈၈) အချိန်မလွန်ခင်

Share

ကောလောသဲ ၄:၅ ပြင်ပလူတို့၏ မျက်နှာကိုထောက်လျက်၊ ပညာနှင့် ကျင့် ဆောင် ၍ ကာလအချိန်ကို ရွေးနုတ်ကြလော့

ဤလောကကြီးထဲတွင် ကျွန်တော်တို့သည်သတ်မှတ်ထားသော အချိန်ကာလ တစ်ခု အတွင်းသာ နေထိုင်ခွင့်ကို ရခြင်းဖြစ်ပါသည်။ ခလေး၊ လူငယ်၊ လူကြီး အလိုက် ဘဝများကိုဖြတ်သန်းကြရပါသည်။ ကျွန်တော်တို့အနေနဲ့ ရပ်တန့်လိုမရသောအရာမှာ “အချိန်” ဖြစ်ပါသည်။ ကုန်လွန်ခဲ့သောအချိန်များကို ပြန်လည်၍ ဝယ်ယူလို့မရနိုင်ပါ။ အချိန်တွေက တရွေ့ရွေ့ပုံမှန်လည်ပတ်သွားလို့နေမည်ဖြစ်သည်။

“အချိန်မလွန်ခင်”ဟူသောစကားလုံးလေးသည် ကျွန်တော်တို့ကို သတိပေး နေပါ သည်။အကယ်၍ ကျွန်တော်တို့သည် လုပ်ဆောင်သင့်သောအရာများကို မလုပ်ဆောင်ပါက အချိန်လွန်သွားလျှင် အရာအားလုံးနောက်ကျသွားမည်ဖြစ်သည်။ ကျွန်တော်တို့သည် အချိန်မလွန်ခင် ပြင်ဆင်ဖို့၊ လုပ်ဆောင်ဖို့ရန်သာဖြစ်ပါသည်။ သခင်ယေရှုသည် လက်ဝါး ကားတိုင်၌ ရိုက်နှက်ခြင်းကိုခံရသောအချိန်တွင် သူ၏ဘေးတွင် လူဆိုး(၂)‌ယောက်ရှိပါ၏။ တစ်ယောက်က “သခင်သည်နိုင်ငံတော်တည်လျက်ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါ”ဟုလျှောက်ဆိုခဲ့ပါသည်။ ယေရှုက “ယနေ့တွင် သင်သည်ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်”ဟုမိန့်တော်မူပါသည်။ သူသည် ကယ်တင်ခြင်းကို ရရှိသော်လည်း ဘုရားဘုန်းထင်ရှားစေသောအရာများကို မလုပ်ဆောင်နိုင်ခဲ့ပါ။ အချိန်လွန်သွား သော ကြောင့် ကယ်တင်ခြင်းတစ်ခုသာ ရရှိပါသည်။

ထို့ကြောင့်ကျွန်တော်တို့သည် အချိန်မလွန်ခင် ဘုရားအမှုတော်အတွက် တတ်နိုင် သည့်ဘက်မှပါဝင်အစေခံဖို့ဖြစ်ပါသည်။ဘုရားသခင်အတွက် လုပ်ဆောင်သော အရာ များသည် ဘယ်တော့မှ အချည်းနှီးမဖြစ်စေပါ။ သာဓုသစ္စာရှိသော ငယ်သားကောင်းအဖြစ် ဘုရားသခင်၏ချီးမွမ်းခြင်းနှင့် ဆုလဒ်သရဖူကို ရရှိမည်ဖြစ်သည်။ အချိန်မလွန်ခင် အကောင်းဆုံးအသက်ရှင်လျှောက်လှမ်းကြစို့။