(၈၆) ဥပုသ်နေ့၌ ဝတ်ပြုကိုးကွယ်ခြင်း

Share

 ထွက်မြောက်ရာကျမ်း ၂၀:၈ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကို အောက်မေ့လော့

ထွက်မြောက်ရာကျမ်းအခန်းကြီး (၂၀)တွင် ဘုရားသခင်သည် မောရှေကို ဣသရေလလူမျိုးများစောင့်ထိန်းရမည့်ပညတ်တော်(၁၀)ပါးကို ပေးခဲ့ပါသည်။ ထို ပညတ် တော် (၁၀)ပါးထဲမှ တစ်ခုဖြစ်သော ဥပုလ်နေ့ကို သန့်ရှင်းစေကြလော့ဟု မိန့်တော်မူ ခဲ့ပါသည်။ ထာဝရဘုရားသခင်သည် ကမ္ဘာကြီးကို ဖန်ဆင်းသည့်အခါတွင် သတ္တမ နေ့ရက်ကိုကောင်းကြီးပေး၍ ငြိမ်ဝပ်စွာနေတော်မူပါသည်။ လူသည် ခြောက်ရက်ပတ်လုံး အလုပ်ကိုကြိုးစားလုပ်ပြီး ထိုနေ့ရက်တွင် အလုပ်မလုပ်ရဟူသော ပညတ်ကို ချမှတ်ခဲ့ ပါသည်။

ယနေ့ဝေဟင်မှာ ပျံဝဲနေသော လေယာဉ်ပျံများကို တီထွင်သောသူများမှာ ဝီလ်ဘာနှင့် အော်လီဘရိုက် ညီအကိုတို့ဖြစ်ကြပါသည်။ ပစ္စည်းဥစ္စာမကြွယ်ဝသော်လည်း စွန့်စားလိုသောစိတ်၊တီထွင်လိုသောစိတ်အားကြီးသောကြောင့် နောက်ဆုံးတွင် အောင်မြင် ခဲ့ပါသည်။သို့သော်သူတို့သည် တနင်္ဂနွေနေ့မှာတော့ လေယာဉ်မောင်းတာမျိုးကို မနှစ်သက် ဘူးဟု ဆိုပါသည်။ တနေ့တော့ စပိန်ဘုရင်မင်းမြတ်က သူတို့ကို လေယာဉ်ပျံ မောင်းခိုင်း ပါသည်။ သို့သော် ထိုနေ့သည် ဥပုပ်နေ့(တနင်္ဂနွေနေ့) ဖြစ်သောကြောင့် မမောင်းနိုင်ဘူးဟု ငြင်းဆန်ခဲ့ပါသည်။ ဘုရင်မင်းမြတ်ပင်ဖြစ်လင့်ကစား သူတို့သည် ဥပုပ် နေ့ကို စောင့်ထိန်း ခြင်းဖြင့် ဘုရားဘုန်းတော်ထင်ရှားစေခဲ့ပါသည်။

ခေတ်ကာလအခြေအနေ မည်သို့ပင်ဖြစ်စေကာမူကျွန်တော်တို့၏ အသက်တာ တွင်လည်းဥပုပ်နေ့ကို တန်ဖိုးထားရမည်ဖြစ်သည်။ကပ်ရောဂါများ‌ကြောင့် ဘုရား ကျောင်း ၌ ဝတ်ပြုခြင်းမရှိသော်လည်း ဥပုပ်နေ့ကိုအောက်မေ့ကာ မိမိရှိသော အရပ်၌ စိတ်နှလုံး အကြွင်းမဲ့ ဘုရားသခင်ကို ကိုးကွယ်ကြပါစို့ဟု ခွန်အားပေးလိုပါသည်။