ဂလာတိ၃:၂၈”ယေရှုခရစ်၌၊ယုဒလူမရှိ၊ဟေလသလူမရှိ၊ကျွန်မရှိ၊လူလွတ်မရှိ၊ယောင်္ကျားမရှိ၊မိန်းမမရှိ၊ထိုသခင်၌သင်တို့အပေါင်းသည်၊တလုံး၊တဝတည်းဖြစ်ကြ၏”
ယနေ့တွင် နိုင်ငံတချို့တွင် လူမျိုးရေးခွဲခြားခြင်းများကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ဘောလုံးပွဲများတွင် လူမျိုးရေးခွဲခြားမှုများကို တိုက်ဖျက်နေသော်လည်း တစ်ခါတရံ ခွဲခြားသော အဖြစ်အပျက်များထွက်ပေါ်လာပါသည်။
အိန္ဒိယလူမျိုးတို့မှာ “ဇာတ်”ဆိုတာရှိပါသည်။ သူတို့စကားဖြင့်ပြောရလျှင် “ကဒ်” ဟုခေါ်ပါသည်။ တနည်းအားဖြင့်လူတန်းစား (၄)မျိုးခွဲခြားထားပါသည်။ ပထမအမြင့်ဆုံး အလွှာကတော့ ဘုရားမျိုးနွယ်၊ ဘာသာရေး ခေါင်းဆောင်များဖြစ်ပါသည်။ ဒုတိယ အလွှာ ကတော့ ဘုရင်၊ မိဖုရား၊ မင်းစိုးရာဇာ၊ အုပ်စိုးသူများဖြစ်သည်။ တတိယအလွှာကတော့ ကုန်သည်ပွဲစား၊ စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည်။ နောက်ဆုံးအလွှာဇာတ်နိမ့်ကတော့ ဆင်းရဲသားများဖြစ်ပါသည်။ ဇာတ်နိမ့်ဇာတ်မြင့်စည်းမျဉ်းများ ချမှတ်ထားကြသည်။ ကျောင်းဆရာသားကကျောင်းဆရာပါပဲ။ ဇာတ်နိမ့်နှင့် ဇာတ်မြင့်သည် လက်ထပ်ခွင့်မရှိပါ။ ဝမ်းနည်းစရာကောင်းသည်မှာ နောက်ဆုံးအလွှာဖြစ်သော ဇာတ်နိမ့်မှာ ပညာသင်ယူခွင့်၊ ကျောင်းနေခွင့်မရသဖြင့် မျိုးရိုးစဉ်ဆက်ဆင်းရဲခဲ့ကြရတော့သည်။ ခွဲခြားမှုများသည် အင်မတန်မှ ကြောက်စရာကောင်းလှပါသည်။ ဘုရားသခင်သည် လူသားများကို တန်ဖိုး ထားသော်လည်း လူအချင်းချင်းခွဲခြားဆက်ဆံမှုများသည် ရှိနေပါသည်။
ကျွန်တော်တို့၏ ဘဝအသက်တာထဲတွင်လည်း လူအချင်းချင်းခွဲခြားမှုများကို ဖယ်ရှား ရမည်ဖြစ်သည်။ ကျွန်တော်တို့သည် ခရစ်တော်၌အသီးသီးအင်္ဂါချင်း ဖြစ်သည့် အလျောက် ခွဲခြားခြင်းမရှိ တစ်ဦးနဲ့တစ်ဦးတန်ဖိုးထားကြပါစို့။