ရှင်မဿဲ ၂၆:၃၉(ခ) “ သို့သော်လည်း အကျွန်ုပ်အလိုရှိသည့် အတိုင်း မဖြစ်ပါ စေနှင့်။ကိုယ်တော်အလိုရှိသည့်အတိုင်းဖြစ်ပါစေသောဟု ဆုတောင်း တော်မူ၏”။
ဘုရားသခင်၏ အလိုတော်ကို ဝန်ခံသော အကောင်းဆုံးပုံသက်သေတစ်ခုမှာ သခင် ယေရှူ၏ ဆက်ကပ်အပ်နှံမှုဖြစ်သည်။ သခင်ယေရှူသည် အလိုတော်ကိုဝန်ခံနိုင်ဖို့ရန် သုံးကြိမ် တိုင်တိုင် ဆုတောင်းခဲ့ရပါသည်။ သခင်ယေရှူသည် လူ့ဇာတိကို ခံယူပြီးဖြစ်သောကြောင့် သူ၏ ဆန္ဒဖြစ်သော ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင်လွန်စွာစေပါဟု ဆုတောင်းခဲ့ပါသည်။ သို့သော် သူသည် ဘုရားသခင်၏အလိုတော်ကို ဝန်ခံပြီး ကရာနီလမ်းကို အဆုံးတိုင် လျှောက် လှမ်း ခဲ့ပါသည်။
တစ်ခါက အမျိုးသမီးကြီးတစ်ယောက်ရှိပါသည်။ သူမသည် ဘုရားတရားကို ကိုင်းရှိုင်းသော သူဖြစ်သည်။ သူမ၏ ခင်ပွန်းသည် တစ်နေ့တွင် သဘော်ခရီးထွက်ရပါသည်။ ထိုအချိန်တွင် မုန်တိုင်းရှိသောကြောင့် နိုင်ငံတစ်ဝန်း Radio Stationများတွင် မုန်တိုင်း သတင်း ကိုကြေငြာကြပါသည်။ သူမ၏ ယောကျားသည် ပင်လယ်ထဲတွင် ခရီးပြုရသောကြောင့် သူမ သည် အင်မတန်မှစိုးရိမ်ပူပန်သောက ရောက်ခဲ့ပါသည်။ ထို့ကြောင့် သူမသည် ဘုရားသခင် ထံဆုတောင်း၍ သူမ၏ယောကျ်ားကို ထိုအန္တရာယ်မှ ကင်းလွှတ်စေရန် ပြင်းစွာဆုတောင်းခဲ့ ပါသည်။ မကြာခင်မှာပဲ သူမထံသို သတင်းတစ်ခုရောက်လာခဲ့ပါတော့သည်။ ထိုသတင်း ကတော့ သူမ၏ ယောကျာ်းပါဝင်သောသင်္ဘောသည် တိမ်းမှောက်၍ သူမ၏ယောကျာ်း ဆုံးပါး သွား သည့်သတင်းဖြစ်သည်။ ထိုအချိန်မှ စ၍ သူမသည် ဘုရားသခင်ကို အင်မတန်မှ စိတ်နာ သွားခဲ့ပြီး ကျမ်းစာမဖတ်ဆုတောင်းဘဲ ဘဝကို နာကျဉ်းချက်များစွာဖြင့် ဖြတ်သန်းခဲ့ပါသည်။ နှစ်ပေါင်းနှစ်ဆယ်ကြာပြီးမှသာ သူမသည် ဘုရားသခင်၏ အလိုတော်ကို ဝန်ခံနိုင်ခဲ့ပါသည်။ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပါသည်။
ထိုအတူပဲ ကျွန်ုပ်တို့၏ ဘဝအသက်တာတွင်လည်း တစ်ခါတစ်ရံ အချို့အရာများသည် လူ့အနေဖြင့်နားမလည်နိုင်သော်လည်း အလိုတော်ကို ဝန်ခံနိုင်ဖို့ရန် ဘုရားသခင်ထံ ခွန်အား တောင်းခံ ရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဘဝအသက်တာသည် ဘုရားသခင်၏ ထိန်းချုပ်မှူ အတွင်း၌သာရှိပါသည်။ ဘုရားသခင်သည် နည်းလမ်းပေါင်းစုံအားဖြင့် ကျွန်ုပ်တို့၏ ဘဝ အသက်တာကို သူ၏အကြံအစည်အတိုင်း ပြုပြင်လမ်းပြပေးနေမည်ဖြစ်သည်။ သခင်ယေရှူ သည်လည်း ဘုရားသခင်၏ အလိုတော်ကို ဝန်ခံပြီးလိုက်လျှောက်ခဲ့သလို ကျွန်ုပ်တို့၏ ဘဝမှာကြုံတွေ့ရသော ဘဝအဖြစ်အပျက်များထဲမှ အလိုတော်ကို ဝန်ခံတတ် ကြပါစို့။