ကမ္ဘာဦးကျမ်း ၆:၉” နောဧ၏အတ္ထုပ္ပတ္တိဟူမူကား နောဧသည် ဖြောင့်မတ်သောသူ မိမိအမျိုး၌စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူသွား၏”
ကမ္ဘာဦးကျမ်းအခန်းကြီး ၆မှစ၍ ဖတ်ကြည့်ပါက နောဧ၏ အသက်ရှင်မှုကို တွေ့ရမည်ဖြစ်သည်။ ထိုအချိန်ကာလတွင် ကမ္ဘာကြီးတစ်ခုလုံးသည် ညစ်နွမ်းစုတ်ပြတ်၍ လူသားများသည် အင်မတန်မှ အပြစ်ဒုစရိုက်များလွန်းသောကြောင့် ဘုရားသခင်သည် လူကိုဖန်ဆင်းခဲ့သောကြောင့် နောင်တရခဲ့ပါသည်။ သို့သော် နောဧသည် ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သောသူဖြစ်သည်။ လူပေါင်းမြောက်များစွာ လမ်းမှားသို့ ရောက်ကြ သော်လည်း သူသည် ဘုရားသခင်နှင့် သွားလာခဲ့ပါသည်။ ရေလွှမ်းမိုးသောအခါတွင် နောဧ သည် အသက်ခြောက်ရာရှိပြီးဖြစ်သည်။ နောဧနှင့် သူ၏အိမ်ထောင်မိသားစုသည် ရေလွှမ်း မိုးခြင်းဘေးမှ လွတ်မြောက်ခဲ့ပါသည်။ နောဧသည် ထာဝရဘုရား မှာထားတော်မူသော အချက်များကို မြေဝယ်မကျနားထောင်ခဲ့ပါသည်။ နောဧ၏ ဘဝအသက်တာအားဖြင့် ကျွန်ုပ်တို့သည် များစွာအတုယူစရာအရာများရှိပါသည်။ ထိုအရာများကတော့
(၁) နောဧ၏ နာခံခြင်း
(၂) နောဧ၏ ယုံကြည်ခြင်း
(၃) နောဧ၏ ဖြောင့်မတ်ခြင်း
(၄) နောဧ၏ ထာဝရဘုရားအားချီးမွမ်းခြင်း
(၅) နောဧ၏ သစွာရှိခြင်း တို့ဖြစ်သည်။
နောဧ၏ ဘဝအသက်တာတွင် ဘုရားသခင်၏ စကားကို နားထောင်ပြီး နာခံခြင်းဖြင့် အသက်ရှင်ခဲ့သောကြောင့် သူသည် ဘုရားသခင်၏ ကယ်တင်မစခြင်းကို ရရှိခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဘဝအသက်တာခရီးတွင် ဘုရားသခင်၏ မစခြင်း ဖေးမခြင်း မရှိပါက အောင်မြင်စွာကျော်ဖြတ်နိုင်မည်မဟုတ်ပေ။ နောဧကဲ့သို့ ဘုရားသခင်နှင့် အတူ သွားလာမှသာ သုခဒုက္ခအမျိုးမျိုးကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။