၂ကော ၅:၁” ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည် ပျက်လျှင် ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ ဘုရားသခင်ဖန်ဆင်းတော်မူသော နိစွထာဝရ အိမ်ရှိကြောင့် ကို ငါတို့သိကြ၏”
လောကလူသားတိုင်းရှောင်လွှဲ၍မရသည့်အရာတစ်ခုမှာ”သေခြင်းတရား”ဖြစ်ပါသည်လူရယ်ဖြစ်လာသည်နှင့် လူသက်တမ်းစေ့အသက်ရှင်လိုကြပါသည်။ သေခြင်းတရားသည် ခလေး လူငယ် လူကြီး အလိုက် အသက်အရွယ်မရွေးပါ။ ချိန်းချက်သောအချိန်ကာလ စေ့သောအခါ သေခြင်းတရားသည် ရောက်ရှိလာမည်ဖြစ်သည်။ စာရေးသူ၏ ဘဝ အသက်တာ တွင် သေခြင်း၏ နှုတ်ခမ်းဝ၌ ခနခနကြုံတွေ့ခဲ့ရပါသည်။ မကြာသေးခင်က စာရေးသူ လက်ရှိ နေထိုင်သော လပွတ္တာမြိုနယ် ကကရိုရွာအနီးတွင် လယ်ထဲမှ ရွာသို့ပြန်အလာတွင် စက်လှေ သည် မိုးရွာလေတိုက်၍ စက်နိုးလို့ မရသည့်အဆုံး စက်လှေမြုပ်သွားခဲ့ပါသည်။ စက်လှေ ထဲတွင် စက်ကောင်အကြီးကြီးတစ်လုံးရှိပါသည်။ လှိုင်းက ရိုက်ခတ်သဖြင့် ကမ်းနားသို့ ကပ် သွား ခဲ့ပါသည်။ ထို့ကြောင့် လိုင်းထဲ လေထဲကြားထဲ စက်ကောင်အကြီးကြီးကို မနည်းမ၍ ထမ်းတင်ခဲ့ကြပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အသက်ဘေးမှ လွတ်မြောက် ခြင်း အခွင့်ကို ရရှိခဲ့ပါသည်။ လူတစ်ယောက်၏ သေခြင်းသည် ဘုရားသခင်၏ လက်တော်ထဲ၌ သာရှိပါသည်။ လူတစ်ယောက်သည် ဘယ်အချိန်တွင် မွေး၍ ဘယ်အချိန်တွင်သေရမည်ကို ဘုရားသခင်သည် တိတိကျကျ သတ်မှတ်ရွေးထားပြီးသားဖြစ်သည်။ ခရစ်ယာန် ရှုထောင့် အားဖြင့်ကြည့်လျှင်သေခြင်းတရားအမှန်တကယ်တော့ ခရစ်တော်၌အိပ်ပျော်ခြင်းဟု ခေါ်ပါ သည်။ သေသွားခြင်းပျောက်ကွယ်သွားခြင်းမဟုတ်ပါ။ သခင်ယေရှူ၏ဂတိတော်ကတော့ “ငါ့ကို ယုံကြည်လျှင် သေလွန်သော်လည်း ရှင်လိမ့်မည်”ဟု မိန့်ဆို့ခဲ့ပါသည်။ သခင်ယေရှူကို ယုံကြည်လက်ခံသော သားသမီးတိုင်းသည် ထာဝရအသက်ကို ရရှိမည်ဖြစ်သည်။ ဤလောက တွင် ကျွန်ုပ်တို့သည် ဧည့်သည်များသာ ဖြစ်သည်။ ကောင်းကင်ဘုံ၌ ဘုရားသခင် ပြင်ဆင်ထား ပေးသော ထာဝရအိမ် ရှိပါသည်။ ထို့ကြောင့် ရှင်ပေတရုသည် လောကကြီးတွင် ဧည့်သည် တစ်ယောက်ကဲ့သိုခံယူပြီး ဘုရားသခင်၏ အမှုတော်အတွက် မာတုရအဖြစ် အသေခံခဲ့ပါသည်။
ထို့အတူပဲ ကျွန်ုပ်တို့အယောက်စီတိုင်းသည် ဘယ်အချိန်တွင် သေရမည်ကို မသိသော် ငြားလည်း ရှင်သန်ရတုန်းခဏတွင် ဘုရားသခင်၏ ဘုန်းတော်ထင်ရှား စေဖို့ရန် အသက်ရှင် လျှောက်လှမ်းကြရမည်ဖြစ်သည်။