ယောဘ ၂၂:၂၁ “ဘုရားသခင်နှင့်အကျွမ်းဝင်၍ မိတ်သဟာရဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်လိမ့်မည်“
လူဘောင်အဖွဲ့အစည်းတွင် တစ်ဦးနှင့်တစ်ဦး မိသဟာရဖွဲ့ခြင်းသည် မွန်မြတ် သောအရာတစ်ခုဖြစ်သည်။ လူရယ်လို့ဖြစ်လာသည်နှင့် လူအများနှင့် ရင်းနှီးစွာ ပေါင်းဖော် တတ်ဖို့လိုသည်။ အကောင်းမွန်ဆုံး ရင်နှီးမှုကို ဖော်ပြမည်ဆိုပါက မိဘနှင့် သားသမီး ဆက်သွယ်မှုဖြစ်သည်။ သားသမီးများသည် မည်မျှပင် ဆိုးသွမ်းစေကာမူ သားသမီး အပေါ် ထားသော မိဘမေတ္တာသည် မကုန်ခမ်းသွားပါ။ အဘယ်ကြောင့်ဆိုသော မိဘနှင့် သားသမီးအကြားအနှစ်နှစ်အလလချည်နှောင်ထားသောရင်နှီးကျွမ်းဝင်မှုကြောင့်ဖြစ်သည်စစ်မှန်သောရင်းနှီးကျွမ်းဝင်မှုရှိမှသာ နှစ်ရှည်လများ ပေါင်းသင်းဆက်ဆံလို့ရမည် ဖြစ်သည်။ နေ့ရက်တိုင်းဆက်သွယ်ကာ ချိတ်ဆက်ထားရမည်ဖြစ်သည်။ ဤအရာသည် လူသား အချင်းချင်း ထားရှိအပ်သော မိတ်သဟာရဖွဲ့ခြင်းဖြစ်သည်။ သို့သော် အခြေအနေ အရပ် ရပ်ကြောင့် လူသားအချင်းချင်း၏ ဆက်သွယ်ရင်းနှီးမှုများသည် ပြိုကွဲပျောက်ကွယ် သွား တတ်ပါသည်။
ယုံကြည်သူခရစ်ယာန်တိုင်း၏ ဘဝအသက်တာခရီးတွင် ထာဝရကာလအထိ ရေရှည်တည်တံ့နေမည့် ဆက်သွယ်မှုသည် ထာဝရဘုရားနှင့်မိသဟာရဖွဲ့ခြင်းဖြစ်သည်။ ယောဘ၏ဘဝအသက်တာတွင် သူ၏မိသားစုနှင့်ပိုင်ဆိုင်မှုများ တစ်နေ့တည်းတွင် ဆုံးရှုံး သွားခဲ့ရပါသည်။ သို့သော်သူသည် ထာဝရဘုရားအားသစွာမပျက်ပဲ အဆုံးတိုင်အောင် တည်ကြည်ခဲ့သောကြောင့် ဘုရားသခင်ထံမှ ကောင်းကြီးမဂ်လာနှစ်ဆကို ခံစားခဲ့ရ ပါသည်။ သူ၏ အားပေးစကားမှာ ထာဝရဘုရားနှင့်မိသဟာရဖွဲ့မှသာ ကောင်းစားမည်ဟု ပြောခဲ့ပါသည်။ ဘုရားသခင်နှင့်အကျွမ်းဝင်၍ရင်းနှီးစွာ မိသဟာရဖွဲ့သောသူသာ ဘုရား သခင်၏ ကောင်းကြီးမဂ်လာကို ခံစားရမည်ဖြစ်သည်။